မြန်မာနိုင်ငံက မတရားဖမ်းဆီးခံထားရသူတွေကို မေ့မထားကြောင်း ဗြိတိန် ပြောကြား

RFA Burmese
2025.02.01
မြန်မာနိုင်ငံက မတရားဖမ်းဆီးခံထားရသူတွေကို မေ့မထားကြောင်း ဗြိတိန် ပြောကြား ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လမ်မီ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၈ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မိန့်ခွန်းပြောနေစဉ်။
ANGELA WEISS / AFP

မြန်မာနိုင်ငံမှာ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကို ဗြိတိန်က မေ့မထားဘူးလို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လမ်မီက ပြောကြားပြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ပေးဖို့ စစ်ကောင်စီကို တိုက်တွန်းလိုက်တဲ့အကြောင်း The Standard သတင်းစာက ဖေဖော်ဝါရီ ၁ ရက်မှာ ဖော်ပြပါတယ်။

လွန်ခဲ့တဲ့ လေးနှစ်က မြန်မာစစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဏာရပါတီကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့နောက် အပြစ်မဲ့တဲ့ အရပ်သားပြည်သူတွေ သတ်ဖြတ်ခံခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထောင်ပေါင်းများစွာသော အတိုက်အခံတွေ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ သူက ပြောပါတယ်။

“လေးနှစ်ကြာခဲ့ပေမဲ့၊ ကျွန်တော်တို့ မေ့မသွားပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးပါ။ မြန်မာပြည်သူတွေအတွက် သူတို့နဲ့ ထိုက်တန်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး ပြန်ပေးပါလို့ ပြောချင်ပါတယ်” လို့ သူက ပြောတဲ့အကြောင်း သတင်းက ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။