ဥရောပသမဂ္ဂက ကမကထပြုတဲ့ အဲဒီဆုံးဖြတ်ချက်ကို တရုတ်နဲ့ ရုရှ နှစ်နိုင်ငံကလွဲပြီး၊ ကျန်တဲ့ လူ့အခွင့်အရေး ကောင်စီအဖွဲ့ဝင်နိုင်ငံတွေက သဘောတူ ထောက်ခံခဲ့ကြပါတယ်။
မြန်မာနိုင်ငံ ကိုယ်စားလှယ်ကတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ဖောက်ဖျက်ကျူးလွန်မှုတွေ ရှိနေတယ်ဆိုတာ အခြေအမြစ်မရှိ၊ မဟုတ်မမှန် လုပ်ကြံထားတဲ့ တဖက်သတ် စွပ်စွဲချက်တွေသာ ဖြစ်တယ်၊ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဖျက်လို ဖျက်ဆီးလုပ်နေတာသာ ဖြစ်တယ်လို့ ရှုတ်ချပြောဆိုခဲ့ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ မြန်မာပြည် အပြောင်းအလဲတွေကို အသိအမှတ်ပြု ဖော်ပြထားသော်လည်း၊ တစ်ဖက်မှာ နိုင်ငံရေးအကျဉ်းသားတွေ ကျန်ရှိနေသေးတာကြောင့်၊ သူတို့ကို ခြွင်းချက်မရှိ ပြန်လွှတ်ပြီး၊ နိုင်ငံရေးဖြစ်စဉ်မှာ အပြည့်အ၀ ပါဝင်ခွင့်ပြုဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ဧပြီလ (၁) ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲကိုလည်း လွတ်လပ်မျှတပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ကျင်းပဖို့ တိုက်တွန်းထားပါတယ်။