ကမ္ဘောဒီးယားနဲ့ မြန်မာစစ်ကောင်စီကြားမှာ နှစ်နိုင်ငံကုန်သွယ်ရေး မြှင့်တင်နိုင်မယ့် သဘောတူညီချက်မူကြမ်း ချမှတ်ဖို့ နီးစပ်နေပြီလို့ ဖနွမ်းပင်ပို့စ်သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ ... ရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးနဲ့ ကမ္ဘောဒီးယားကူးသန်းရောင်းဝယ်ရေးဝန်ကြီး ပန်ဆိုရာဆက်ခ် (Pan Sorasak)တို့ မေလ ၁၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံက ဆွေးနွေးပွဲမှာ ပြောဆိုကြတာလို့ ဆိုပါတယ်။
ဒေသတွင်း စီးပွားရေးရော၊ နှစ်နိုင်ငံချင်း စီးပွားရေးပါ ပြန်ပြီးနာလန်ထူဖို့နဲ့ ကုန်သွယ်မှုမြှင့်တင်ဖို့ ကမ္ဘောဒီးယားဘက်က အဆိုပြုဆွေးနွေးသလို စစ်ကောင်စီဝန်ကြီးဘက်ကလည်း သဘောတူတယ်လို့ ဆိုပါတယ်။
ကမ္ဘောဒီးယား-မြန်မာ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် မူကြမ်း ညှိတဲ့ကိစ္စအပါအဝင် နှစ်ထပ်အခွန် ရှောင်လွှဲနိုင်ရေးကိစ္စပါ သဘောတူကြခဲ့ပြီး မကြာခင်လက်မှတ်ထိုးနိုင်လိမ့်မယ်လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။ လက်ရှိသဘောတူညီချက်အရ ကန့်သတ်ထားတဲ့ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ ကိစ္စဟာလည်း အခုသဘောတူညီချက်မူကြမ်း လက်မှတ်ထိုးပြီးရင် ပိုပြီးအဆင်ပြေသွားမယ်လို့ ဆိုပါတယ်။
၂၀၁၉ ခုနှစ်၊ ကိုဗစ်ကပ်ရောဂါမတိုင်ခင် သုံးနှစ်မှာ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၂၀ ရှိခဲ့တယ်လို့ ကမ္ဘောဒီးယားကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာအရ သိရပါတယ်။