တရုတ်က မြန်မာ့အကြီးဆုံးပို့ကုန်ဈေးကွက် ဖြစ်နေဆဲ

ပြီးခဲ့တဲ့ ၆ လ အတွင်း တရုတ်ပြည်ဟာ မြန်မာ့အကြီးဆုံး ပို့ကုန်ဈေးကွက်အဖြစ် ရှိနေဆဲဖြစ်ကြောင်း မေလ ၈ ရက်ထုတ် တရုတ်ဆင်ဟွာသတင်းက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလနဲ့ ဒီနှစ်မတ်လအတွင်း တရုတ်ပြည်ဟာ မြန်မာ့အကြီးဆုံး ပို့ကုန်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေအရ တရုတ်ပြည်ကို မြန်မာ့ကုန်စည်တင်ပို့မှုဟာ အမေရိကန်ဒေါ်လာ ၁.၉၈ ဘီလီယံကျော် ရှိခဲ့လို့ နိုင်ငံ့စုစုပေါင်းပို့ကုန် ပမာဏရဲ့ ၂၄ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

၂ဝ၂ဝ -၂၀၂၁ ဘဏ္ဍာရေးနှစ်နဲ့ ၂ဝ၁၉ - ၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တွေအတွင်းမှာလည်း မြန်မာ့ပို့ကုန် နိုင်ငံတွေထဲမှာ တရုတ်က ပထမနေရာမှာပဲ ရှိနေတာပါ။

၂ဝ၂ဝ နဲ့ ၂ဝ၂၁ ဘဏ္ဍာရေးနှစ်တွေအတွင်း မြန်မာက တရုတ်ကို အမေရိကန်ဒေါ်လာ ၅.၁၇ ဘီလီယံဖိုး ကုန်စည်တင်ပို့ခဲ့လို့ နိုင်ငံ့စုစုပေါင်းပို့ကုန် ၃၃.၇ ရာခိုင်နှုန်းကျော် ရှိခဲ့ပါတယ်။

၂ဝ၁၉ - ၂ဝ၂ဝ ဘဏ္ဍာရေးနှစ်မှာ တရုတ်ကိုတင်ပို့ခဲ့တဲ့ ကုန်စည်တန်ဖိုး အမေရိကန်ဒေါ်လာ ၅.၄၂ ဘီလီယံရှိခဲ့လို့ နိုင်ငံ့စုစုပေါင်းပို့ကုန် ၃ဝ.၆ ရာခိုင်နှုန်းကျော် ရှိခဲ့ပါတယ်။