တရုတ်-မြန်မာနယ်စပ် ငလျင် ထိခိုက်သေဆုံးမှုရှိ

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်ခရိုင် ရင်ကျန်းမြို့မှာ ဒီနေ့ မတ်လ ၁၀ ရက် တရုတ်စံတော်ချိန် ၁ နာရီလောက်က ငလျင်လှုပ်ခတ်သွားတာကြောင့် လူနေအိမ်တွေ ပြိုကျ ပျက်စီးပြီး သေဆုံးမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။
2011-03-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တရုတ်-မြန်မာနယ်စပ် တရုတ်နိုင်ငံဖက်ရှိ ရင်ကျန်းမြို့တွင် မတ်လ ၁၀ ရက်နေ့က အင်အား ၅.၄ ရှိ ငလျင် လှုပ်သွားပြီးနောက် အဆောက်အအုံပျက်များ ကြားမှ သေဆုံးနေသော အမျိုးသမီးတဦးကို သယ်ထုတ်လာ ပုံ ဖြစ်ပါသည်။ (Photo: AFP)
တရုတ်-မြန်မာနယ်စပ် တရုတ်နိုင်ငံဖက်ရှိ ရင်ကျန်းမြို့တွင် မတ်လ ၁၀ ရက်နေ့က အင်အား ၅.၄ ရှိ ငလျင် လှုပ်သွားပြီးနောက် အဆောက်အအုံပျက်များ ကြားမှ သေဆုံးနေသော အမျိုးသမီးတဦးကို သယ်ထုတ်လာ ပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

ဒါနဲ့ ပတ်သက်လို့ ရင်ကျန်းမြို့မှာ နေထိုင်နေတဲ့ မြန်မာ ကုန်သည်တယောက်ကို ဆက်သွယ် မေးမြန်းကြည့်တဲ့အခါ မြန်မာနိုင်ငံသားတယောက် အိမ်ပြိုလို့ ဒဏ်ရရှိခဲ့ကြောင်း ပြောပါတယ်။

“အခုက အလောင်းတွေတောင် ဆွဲထုတ်လို့ မပြီးနိုင်သေးဘူး။ ကုန်တိုက်တွေ ရှေ့မှာလေ။ သေကျေတာကတော့ ဆေးရုံမှာ ၄-၅၀ လောက်တော့ ရောက်တယ် ဒဏ်ရာနဲ့။ သေတာတော့ အဆောက်အဦးထဲမှာ ဘယ်လောက် ပိနေတယ်တော့ မသိရသေးဘူးပေါ့။ ဆွဲထုတ်နေကြတာ ကုန်တိုက်တခု ဟို ဘေးနားက ကျောက်ကုမ္ပဏီနားက အဆောက်အဦးဟောင်းတခုမှာ အားလုံး ပိပြီး အလောင်းတွေကို အခု ဆွဲထုတ်နေကြတာ။ လှုပ်ပြီးတာနဲ့ မြို့ထဲမှာ လှည့်ကြည့်နေတဲ့ဟာ ကျွန်တော်တို့ ဗမာပြည်က ကျောက်အရောင်းအဝယ် လုပ်တဲ့ ကောင်လေးလေ၊ မကွေးဖက်က မောင်နိုင်ဆိုတာ၊ သူတို့ နေတဲ့ဟာက မြေအုတ်ကို စီထားတဲ့ တထပ် တန်းလျားပေါ့။ အဲဒီ တန်းလျားတခုလုံး ပြိုသွားတယ်။ ဒီကောင်လေးလည်း ထုပ်တွေ တန်းတွေ ပိပြီး ဆေးရုံမှာတောင် သတိမရနိုင်သေးဘူး။”

ရင်ကျန်းမြို့ရောက် မြန်မာနိုင်ငံသား ကုန်သည်တယောက် ပြောသွားတာပါ။

နောက်ဆုံးရရှိတဲ့ သတင်းတွေမှာ လူ ၁၄ ယောက်သေဆုံးပြီး ၁၄၀ နီးပါး ဒဏ်ရာ ရရှိတယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက ရှိဖွေနေဆဲ ရှိပြီး ထပ်တိုးလာစရာရှိတယ်လို့လည်း ဆိုပါတယ်။

တချိန်တည်းမှာ တရုတ်မြန်မာနယ်စပ် ကေအိုင်အိုထိမ်းချုပ်ရာ လိုင်ဇာမြို့၊ ရွှေလီမြို့မှာလဲ အလားတူ ငလျင် ၂ ကြိမ် လှုပ်ခတ်သွားပေမဲ့ ရင်ကျန်းမြို့လောက် ပြင်းထန်မှု မရှိဘူးလို့ အဲဒီဒေသမှ နေထိုင်သူတွေက ပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့