စိုက်ခင်းပေါ် ကြေးနီကုမ္ပဏီ မြေစာဆက်ပုံနေ

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးရှိ ဆည်တဲရွာနားက နှမ်းခင်းတွေထဲကို မနေ့ညပိုင်းက ကုမ္ပဏီက စက်ကြီးတွေနဲ့ မြေစာတွေ လာပုံတာကြောင့် ဒီကနေ့ မနက်ပိုင်းက စပြီး ရွာသူ ရွာသား တထောင်ခန့်က လူစုပြီး တားဆီးခဲ့ကြတယ်လို့ သိရပါတယ်။

2012.10.01
monywa-protest-salingyi-b305 စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်က ဒေသခံ တောင်သူလယ်သမားများ လယ်ယာမြေ မကျူးကျော်ရ ဆိုင်းဘုတ် စိုက်ထူနေစဉ်။
Photo courtesy of open society.monywa

ရွာသူရွာသားတွေ ရောက်လာချိန်မှာတော့ အဲဒီစက်မောင်း အလုပ်သမားတွေ ရှောင်တိမ်းသွားသလို တရုတ်ကုမ္ပဏီက လူတွေလည်း ထွက်ပြေးသွားတယ်လို့ ဆည်တဲရွာသား တစ်ဦးက ပြောပါတယ်။
စီမံကိန်းကို တာဝန်ယူ လုပ်ကိုင်နေတဲ့ ဦးပိုင်လီမိတက်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံလိုကြောင်း ရွာသားတွေက တောင်းဆိုနေတယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ ကုမ္ပဏီက အလုပ်ခန့်ထားတဲ့ အနီးအနား ကျေးရွာက ရွာသားအလုပ်သမား ၂၀၀ လောက်ကလည်း အမြဲတန်းဝန်ထမ်းအဖြစ် ခန့်ထားရေး၊ လစာတိုးရေးနဲ့ တန်းတူအခွင့်အရေး စတာတွေ ရရှိဖို့ ဝမ်ပေါင်ကုမ္ပဏီကို ဒီကနေ့ အချက် ၁၁ ချက် တောင်းဆိုတယ်လို့ တောင်းဆိုတဲ့အထဲမှာ ပါဝင်သူ ဝက်မှေးရွာသူတစ်ဦးက ပြောပြပါတယ်။
ကုမ္ပဏီမှာ တာဝန်ထမ်းဆောင်နေတဲ့ ရွာသူရွာသားတွေဟာ နိုင်ငံခြားသား အလုပ်ရှင်ကို ကြောက်ရတာ ရှိသလို ကိုယ့်လူမျိုး ဝန်ထမ်း အချင်းချင်း နိုင်ထက်စီးနင်း ပြောဆိုခံရတာတွေလည်း ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဝက်မှေးရွာသားတစ်ဦးကို အာအက်ဖ်အေ ဝိုင်းတော်သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။