အတိုင်ပင်ခံပုဂ္ဂိုလ် ပူတာအိုရောက်ရှိ


2019.01.08
Share on WhatsApp
Share on WhatsApp
dassk-putao-622.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကချင်ပြည်နယ် ပူတာအိုလေဆိပ်ကို ၂၀၁၉ ဇန်နဝါရီ ၈ ရက်နေ့ကရောက်ရှိစဉ်
Credit - နိုင်မင်းထက်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်ပိုင်းမှာ ကချင်ပြည်နယ် ပူတာအိုမြို့ကို ရောက်ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ မြစ်ကြီးနားမြို့မနောကွင်းမှာ ကျင်းပပြုလုပ်မယ့် ကချင်ပြည်နယ်နေ့ အခမ်းအနားကို တက်ရောက်မယ်လို့  သိရပါတယ်။

NLD အစိုးရ တက်လာပြီးနောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပြီး ဂျိန်းဖော၊ လချိတ်၊ လဝေါ်၊ ဇိုင်ဝါး၊ ရဝမ်၊ လီဆူစတဲ့ ကချင်မျိုးနွယ်စု အားလုံးပါဝင်တဲ့ မနောပွဲကို ကျင်းပမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလတုန်းကလည်း မြစ်ကြီးနားမြို့ကို နေ့ချင်းပြန် သွားရောက် ခဲ့ပြီး ရွှေစက်ရပ်ကွက်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဖွင့်လှစ်ထားတဲ့ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားတွေ နေထိုင်နေကြတဲ့ စာသင်ကျောင်းကို သွားရောက်ခဲ့ပြီး ကလေးငယ်တွေကို ကျောင်းသုံးဗလာစာအုပ်နဲ့ ဂွမ်းစောင်တွေ လှူဒါန်းခဲ့ပါတယ်။

ကချင်ပြည်နယ်နေ့ အခမ်းအနားကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ပထမဆုံး စတင်ကျင်းပခဲ့ တာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

COMMENTS

ဆိုက်တခုလုံးသို့