အခြေခံဥပဒေ ပြင်ဆင်ရေး တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမည်

2013-06-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်မှာ တွေ့ရစဉ်
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်မှာ တွေ့ရစဉ်
photo: Myo Thant Khaing/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုလုံး ပြုပြင်မယ်ဆိုရင် ရှေ့နောက်မညီတဲ့ ပုဒ်မတစ်ခုချင်းစီကို စပြီးြပုပြင်ရမယ်လို့ ညီညွှတ်သောတိုင်းရင်းသား လူမျိုးများမဟာမိတ် အဖွဲ့(UNA)တို့နဲ့ ဒီကနေ့ တွေ့ဆုံရာမှာ ပြောကြားလိုက် ပါတယ်။

UNA အဖွဲ့က တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ အလွတ်သဘောတွေ့ဆုံခဲ့တာဖြစ်ပြီး လက်ရှိကျင့်သုံးနေတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် လွှတ်တော်ထဲမှာရှိတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းလုပ်ဆောင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ကြောင်း မွန်ဒီမိုကရေစီ ပါတီဥက္ကဌ ဦးနိုင်ငွေသိမ်းက RFA ကို ပြောပါတယ်။

“အဓိကကတော့ သူလွှတ်တော်ထဲကနေပြီးတော့ လွှတ်တော်စနစ်နဲ့ ၂ဝဝ၈ ဥပဒေပြောင်းလဲရေးကို ကြိုးစားလုပ်မယ်လို့ပြောတယ်၊ ၂ဝဝ၈ ဥပဒေက ရှေ့နောက်မညီဘူးပေါ့၊ တချို့ပုဒ်မတွေက တချို့ကိုပြန်ပြီး ဆန့်ကျင်နေတယ်ပေါ့၊ အဲဒါကိုပြင်ရမယ်ပေါ့၊ နောက်တစ်ချက်က ၂ဝဝဂ ကိုပြန်ပြင်ဖို့ တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းမယ်လို့ပြောတယ်”

၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမကျင်းပမီ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အားလုံးဝိုင်းဝန်းကြိုးစားဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ PR ခေါ် အချိုးကျကိုယ်စားပြုမဲစနစ်ကို ကျင့်သုံးဖို့ မဖြစ်နိုင်ကြောင်း အပြန်အလှန်ပြောဆို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ UNA အဖွဲ့ဝင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဒီကနေ့တွေ့ဆုံတာဟာ ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ သူနေအိမ်အကျယ်ချုပ်က ပြန်လွတ်မြောက်လာပြီး ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။ UNA အဖွဲ့မှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးကွန်ဂရက်ပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်အမျိုးသားပါတီတွေက အဖွဲ့ဝင်ပါတီတွေ ပါဝင်ပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲနဲ့ ပတ်သက်လို့ RFA သတင်းထောက် မဇင်မာဝင်းရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (3)
Share

ရန်မျိုးအောင်

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုရင် အမှန်တကယ်ပြင်ဆင်ချင်တဲ့စိတ် တိုင်း ရင်းသားပါတီများ လက်နက်ကိုင်အဖွဲ့စည်း များနဲ့ပညာရှင်တွေအားလုံးစည်းလုံး ညီညွတ်ပြီးစိတ်သဘောတွေတညီတညွတ်တည်းရှိဖို့လိုပါတယ်

Jun 20, 2013 10:32 AM

အမည်မဖော်လိုသူ

စစ်အစိုးရရဲ့ ပရယာယ်က “အချိန်ဆွဲခြင်း”ပါ။ အခြေခံဥပဒေကို (၁၇နှစ်)ကြာရေးဆွဲခဲ့တာကို ကြည့်။
“နာဂစ်ဥပဒေ” လို့ ခေါ်တဲ့ ၂၀၀၈ အခြေခံဥပဒေ ကို 2013 အတွင်း အပြီးပြင်ရပါမယ်။ အဓိက နဲ့ သာမည ၂ပိုင်းခွဲပါ။ အဓိကအပိုင်းကို အရင်ပြင်ပြီး ဆက်နွှယ်လျက်ရှိသောအပိုင်း များလည်း အလားတူပြင်သောသဘောသက်ရောက်ရမည်လို့ သတ်မှတ်ပါ။ တခုချင်းဆိုရာမှာ တခုချင်းကို ပြင်ဆင်သင့်ကြောင်း ရှင်းလင်းချက်များဖြင့် တပေါင်းတည်း တပြိုင်နက်တည်း တင်ပြပါ။ အချျိန်သတ်မှတ်လေ့လာပါစေ။
ပြင်ဆင်ခွင့်အတွက် ထောက်ခံမဲ ၇၅%++ ရပါစေ။

Jun 19, 2013 09:05 PM

ကံမသကာ

နေရပ်- အောက်ပြည်

အမေစုရေ ပြုပြင်မယ်ဆိုရင် ခပ်မြန်မြန်
လေးပြုပြင်စေချင်တယ်။ လူပေါင်းလည်း မှားမယ်နော။

Jun 19, 2013 11:30 AM

ဆိုက်တခုလုံးသို့