ဒေါ်အောင်ဆန်းစုကြည် နီပေါ သွားမည်


2014.04.23
dassk-japan-305 ဂျပန်နိုင်ငံ၊ ကျိုတိုမြို့မှာ ဧပြီလ ၁၅ ရက်နေ့က မြန်မာနိုင်ငံ သား မိသားစုတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့စဉ်
photo: Demo Wai Yan

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမဲ့ ဇွန်လ ၁၄ ရက်နေ့ မှာ  နီပေါနိုင်ငံသို့ သွားရောက်မှာဖြစ်ကြောင်း ခတ္တမဒ္ဒူမြို့ထုတ် kantipur သတင်းက ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါနိုင်ငံရဲ့ ပထမဆုံး ဒီမိုကရေစီ နည်းကျ ရွေးကောက် တင်မြှောက်ခံရတဲ့ ဝန်ကြီးချုပ်ဟောင်း BP Koirala ရဲ့ နှစ်တစ် ရာပြည့် မွေးနေ့ အခမ်းအနားကို တက်ရောက်ဖို့ လာရောက်တာဖြစ်တယ်လို့ နီပေါ ဝန်ကြီးချုပ် Sushil Koirala ရဲ့ အကြံပေး အရာရှိတစ်ဦးက ပြောပါတယ်။

နှစ်ရက်ကြာ နီပေါနိုင်ငံခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ် အပါအဝင် ထိပ်သီး ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံမှာဖြစ်သလို ဇွန်လ ၁၅ ရက်နေ့မှာ နီပေါ ပါလီမန်မှာ  ဆိုရှယ်ဒီမိုကရေစီနဲ့ပတ်သက်ပြီး မိန့်ခွန်းပြောကြားမယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ လုမ္ပဏီဥယျာဉ်ကို သွားရောက်လည်ပတ်ဖို့ စီစဉ်ထားကြောင်းလဲ သတင်း မှာဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။