အရှေ့အလယ်ပိုင်းဒေသ၊ အာရပ်ဒီမိုကရေစီ အရေးတော်ပုံ၊ တိုက်ပွဲတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ အီရန် နျူကလီးယားတင်းမာမှု စတဲ့ ကမ္ဘာ့အကြပ်အတည်း စိန်ခေါ်မှု အခြေအနေတွေနဲ့ ပြည့်ခဲ့တဲ့ ၂ဝ၁၁ နှစ်ကနေ ၂ဝ၁၂ ခုနှစ်အတွက် ကမ္ဘာ့အတွေးအခေါ်ရှင် စာရင်းရွေးချယ်ရတာ ခက်ခဲနေချိန်မှာ မြန်မာနိုင်ငံက ဒီမိုကရေစီအရေး အသွင်ကူးပြောင်းမှုဟာ ဆုရွေးချယ်ရေးအတွက် အထောက်အကူ ဖြစ်ခဲ့ပါတယ်လို့ရေးသားပါတယ်။
ယခုနှစ်အတွက် ထိပ်ဆုံးနေရာမှာ ဂုဏ်ပြုဖို့အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အာဏာရှင်စနစ်ကနေ အတိုက်အခံတွေကို လက်ကမ်းကြိုဆိုခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်းတဖြစ်လဲ သမ္မတ ဦးသိန်းစိန်ကို ရွေးချယ်ဂုဏ်ပြုရတာဟာ ကြည်နူးစရာ ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း မဂ္ဂဇင်းအယ်ဒီတာအဖွဲ့က ရေးပါတယ်။
ယခုနှစ် အတွေးအခေါ်ရှင်များစာရင်းမှာ နံပတ် ၁ အဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်၊ နံပါတ် ၂ နေရာအတွက် တူနီးရှား သမ္မတ မွန်ကက် မာဇိုးကီး Moncef Marzouki၊ နံပတ် ၃ က အမေရိကန်သမ္မတဟောင်း Bill Clintonနဲ့ ဇနီးဖြစ်သူ နိုင်ငံခြားရေးဝန်ကြီး Hillary Clinton၊ နံပတ် ၅ က မိုက်ကရိုဆော့ဖ် တည်ထောင်သူ Bill Gates ဇနီးဖြစ်သူ Melinda Gates ၊ နံပတ် ၆ နေရာ ရရှိသူကတော့ ပါကစ္စတန်နိုင်ငံမှာ တာလီဘန် အစွန်းရောက်တွေက အမျိုးသမီးကလေးတွေ ပညာမသင်ရ ပိတ်ပင်တာကို ရဲရဲဝံ့ဝံ့ ထုတ်ဖေါ်ပြောခဲ့တာကြောင့် တိုက်ခိုက်ခံခဲ့ရတဲ့ အသက် ၁၅ နှစ်အရွယ် မိန်းကလေး Malala Yousafzai ကို ရွေးချယ် ဂုဏ်ပြုလိုက်သလို၊ နံပတ် ၇ နေရာကိုတော့ လက်ရှိအမေရိကန်သမ္မတ ဘားရက်အိုဘားမား တို့ကို ရွေးချယ်ဖော်ပြထားပါတယ်။