NCA မှာ လက်မှတ်ထိုးဖို့ ကျန်နေတဲ့အဖွဲ့တွေ အချိန်မဆွဲကြ ဖို့ နိုင်ငံတော်အတိုင်ပင်ခံ ပြော

2016-10-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
UPDJC အစည်းအဝေးကို နေပြည်တော် သင်္ဂဟဟိုတယ်မှာ အောက်တိုဘာလ ၂၈ ရက်နေ့ကကျင်းပစဉ်
UPDJC အစည်းအဝေးကို နေပြည်တော် သင်္ဂဟဟိုတယ်မှာ အောက်တိုဘာလ ၂၈ ရက်နေ့ကကျင်းပစဉ်
Photo: Win Naung Toe/RFA

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ရေးထိုးဖို့ ကျန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အချိန်မဆွဲကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။

ဒီနေ့ နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေးမှာ UPDJC ဥက္ကဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာဖြစ် ပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ဒုတိယပင်လုံကို လာမယ့် ဖေဖော်ဝါရီလထဲမှာ ကျင်းပသွားမှာဖြစ်ကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ အားလုံးက ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့နဲ့ အဲဒီလက်နက်ကိုင်အဖွဲ့တွေကလည်း လက်မှတ်ရေးထိုးဖို့ စိတ်အားထက်သန်ဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

အမျိုးသားအဆင့် ဆွေးနွေးပွဲတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်နိုင်ဖို့ အခက်အခဲရှိတာကြောင့် ကနဦး စမ်းသပ်တဲ့အနေနဲ့ တချို့ဒေသတွေမှာ နိုဝင်ဘာလထဲမှာ လုပ်ဆောင်ကြဖို့လိုကြောင်းလည်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို မနက်ဖြန် ဆက်လက်ကျင်းပ မှာဖြစ်ပါတယ်။

ကွန်မင့်များ (1)
Share

အဖြူ အမဲ မကြာမှီ ကွဲလာပါတော့မည်

အမေရေ
အချိန်ဆွဲနေကြတာ ယခင်အစိုးရသက်တမ်းတစ်ခုကနေအခုအမေ့အချိန်ထိပါ..

တကယ်သာ စစ်ဒဏ်ခံနေရသည့်ပြည်သူတွေကို ငှဲ့ ညှာရင် ငြိမ်းချမ်းရေးကိုရင်ထဲက လိုလိုလားလားရှိခဲ့ရင်
ယင်းတို့ ၏ကိုယ်ကျိုးများကို စွန့် လွန်လိုစိတ်ရှိရင်
လက်မှတ်တွေထိုးပြီးတာကြာပါပီ....

အမေပြောသလို ပြည်သူတွေက ဘယ်သူကငြိမ်းချမ်းရေးကိုလိုခြင်
တယ် ..ဘယ်သူတွေကတော့မလိုခြင်ဖူးဆိုတာမကြာမှီ အဖြူ
အမဲသဲသဲကွဲကွဲမြင်ရတော့မယ်လို့ ယုံကြည်နေပါတယ်...

အမေနဲ့ တပ်မတော်ရဲ့ တိုင်းပြည်ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းမူမှန်
သမျှကို တိုင်းပြည်အေးချမ်းစေလိုသူပြည်သူများအားလုံးက
အပြည့်အ၀ထောက်ခံနေပါတယ်...

အေးချမ်းတိုးတက်စည်ပင်ပါစေ မြန်မာပြည်

Nov 02, 2016 11:47 PM

ဆိုက်တခုလုံးသို့