ကလေးတွေ စာဖတ်လာအောင် မိဘတွေ ဆောင်ရွက်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

2018-12-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နေပြည်​တော်​မှာ ၂၀၁၈ ဒီဇင်​ဘာလ ၂၀ ရက်​နေ့ကကျင်းပတဲ့ "စာဖတ်​တတ်​သူတိုင်း စာဖတ်​ကြဖို့" အခမ်းအနားမှာ နိုင်​ငံတော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​နဲ့ ကျောင်းသားလေးတွေကို တွေ့ရစဉ်
နေပြည်​တော်​မှာ ၂၀၁၈ ဒီဇင်​ဘာလ ၂၀ ရက်​နေ့ကကျင်းပတဲ့ "စာဖတ်​တတ်​သူတိုင်း စာဖတ်​ကြဖို့" အခမ်းအနားမှာ နိုင်​ငံတော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​နဲ့ ကျောင်းသားလေးတွေကို တွေ့ရစဉ်
Photo: Myanmar State Counsellor Office
ကလေးသူငယ်တွေ စာဖတ်ချင်စိတ်ဖြစ်ပေါ်လာအောင် မိဘတွေအနေနဲ့ အဓိကလုပ်ဆောင်ပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ နှစ်ရက်ကြာကျင်းပမယ့် “စာဖတ်တတ်သူတိုင်း စာဖတ်ကြဖို့” အခမ်းအနားဖွင့်ပွဲမှာ အဲဒီလို ပြောခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်နိုင်တဲ့ အခြေအနေ မရောက်တဲ့ ကလေးသူငယ်တွေကတော့ မိဘ၊ ဆရာတွေ ကနေပြီး ကူညီပေးရမှာဖြစ်ကြောင်း၊ ငယ်ရွယ်စဉ်ကတည်းက စာအုပ်ကောင်းတွေ ဖတ်တတ်အောင် လေ့ကျင့်ပေးရင် ကြီးပြင်းလာတဲ့အခါ ဘယ်လိုစာအုပ်တွေက အကျိုးရှိတယ်၊ အကျိုးမရှိဘူး ဆိုတာကို နောက်ပိုင်းမှာ သူတို့ဘာသာ ဆုံးဖြတ်နိုင်တဲ့ အခြေအနေ ရောက်လာမှာဖြစ်ကြောင်း ပြောပါတယ်။

ဒါ့အပြင် စိတ်ဓာတ်ခိုင်မာပြီး မိမိကိုယ်တိုင် အားကိုးနိုင်စွမ်းရှိမှုဟာ စာများများဖတ်တာကနေရရှိမှာဖြစ်ပြီး သင့်တော်တဲ့ စာပေများကဘဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ချပေးနိုင်မယ်လို့လည်းပြောပါတယ်။

တဆက်တည်းမှာပဲ ဆေးလိပ်နဲ့ အရက်သောက်ပြီး ပိုက်ဆံတွေ ကုန်မယ့်အစား စာအုပ်ကောင်းတွေ ၀ယ်ဖတ်ကြဖို့နဲ့ စာကြည့်တိုက်တွေကို လှူဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

အဲဒီ နှစ်ရက်ကြာကျင်းပမယ့် “စာဖတ်တတ်သူတိုင်း စာဖတ်ကြဖို့” လှုပ်ရှားမှုမှာ စာအုပ်ထုတ်ဝေရေးတိုက်တွေက စာအုပ်တွေကို လာရောက်ရောင်းချကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့လိုက်တာပါ။
ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

မဝယ်နိုင်တော့ စာကြည့်တိုက်ထားပေးဖို့လိုလာပြန်ရော၊ စာကြည့်တိုက်ထားပြန်တော့ စာအု
ပ်တွေကို ကိုယ်ပိုင်လုပ်သူကလုပ်၊ ဖြဲသူကဖြဲ စသည်ဖြင့် ပြသနာတွေပေါ်လာပြန်ရော။ အခွင့်အရေးနှင့် တာဝန် တိတိကျကျသိပြီး အားလုံးပူးပေါင်းပါဝင်လုပ်‌ေဆာင်လိုတဲ့ စိတ်ဓာတ်တွေလိုတာ‌တော့နေရာတိုင်းမှာဘဲ။

Dec 21, 2018 06:55 PM

ကိုကို US

ဟုတ်တာပေါ့။ မိဘက အားပေးတိုက်တွန်းပြီး ဖတ်သင့်တဲ့ စာအုပ်တွေ ၀.်ပေးရမယ်။ အားကျလောက်တဲ့ လူတော်ကလေးတော မိဘအားပေးမှုကြောင့် တော်လာတာ များပါတယ်။

Dec 20, 2018 10:15 AM

ဆိုက်တခုလုံးသို့