ဒေါ်အောင်ဆန်းစုကြည် ဗဟန်းမှာ မဲပေး၊ ကော့မှူးမှာ မဲရုံများ ကြည့်ရှု


2015.11.08
dassk-visits-polling-station-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ငှက်အော်စန်းကျေးရွာ အမှတ် ၁ မဲရုံကို နိုဝင်ဘာလ ၈ ရက်နေ့က ရောက်ရှိလာစဉ်
Photo: Khin Maung Soe/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်က ဗဟန်းမြို့နယ်မှာ သွားရောက်မဲပေးပြီးနောက် ကော့မှူးမြို့နယ်ကို ဆက်လက်ထွက်ခွာကာ မဲရုံ ၃ ရုံကို ဝင်ရောက်ကြည့်ရှုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်စောစောပိုင်းက ရန်ကုန်တိုင်း ဗဟန်းမြို့နယ်က အမက (၃) မူလတန်းလွန်ကျောင်းမှာ မဲပေးခဲ့ပါတယ်။ သတင်းမီဒီယာသမားတွေနဲ့ စောင့်ကြိုသူတွေ များလွန်းတဲ့အတွက် မဲပေးဖို့ အခက်အခဲဖြစ်ခဲ့ပါတယ်။ မဲပေးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့မဲဆန္ဒနယ်မြေ ကော့မှူးမြို့နယ်ကို သွားရောက်ခဲ့ပါတယ်။

အခုညနေပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွ့ဲချုပ် (NLD) ပါတီ ရုံးချုပ် ရှေ့မှာ  ရွေးကောက်ပွဲ ရလဒ် ကို သိရဖို့ လာရောက်စောင့်ဆိုင်းကြည့်ရှုသူ ထောင်ပေါင်းများစွာ ရောက်ရှိနေကြပါတယ်။   ရွေးကောက်ပွဲ ရလဒ်များကို ပြသရန် LED Board နှစ်ခုဖြင့် တပ်ဆင်ထားပြီး လောလောဆယ်မှာ အောင်နိုင်ရေးသီချင်းတွေနဲ့  မဲရေတွက်မှု ဗီဒီယိုတွေကို ပြသနေပါတယ်။

NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့က  ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပြီး မဲစာရင်းရလဒ်များ အပြီးသတ်ရေတွက်လို့ မပြီးသေးတဲ့ အချိန်မှာ ပြည်သူများအနေဖြင့် ကိုယ်နေထိုင်သည့် နေရာများကသာ မဲစာရင်းရလဒ်များကို စောင့်မျှော်လက်ခံကြရန် တိုက်တွန်းကြောင်း ကြေညာခဲ့သည်။ မဲစာရင်း အနိုင်အရှုံးကို သိရတဲ့အခါမှာလည်း ရလဒ်ကို တည်ငြိမ်စွာ လက်ခံကြဖို့  အထူးတိုက်တွန်းကြောင်း ဖေါ်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့မနက်ပိုင်း ခရီးစဉ်နဲ့ပတ်သက်ပြီး RFA အဖွဲ့သား ဦးခင်မောင်စိုး က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။