ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုထဲကို မေလ ၈ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းကနေ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
မေလ ၈ရက်နေ့ မနက်က လုံးခင်းကျေးရွာအုပ်စု မလောင်ရွာနားမှာရှိတဲ့ ကျောက်လုပ်ကွက်ကုမ္ပဏီတစ်ခုထဲကို တစ်ကြိမ်၊ နေ့လယ်ပိုင်းမှာ မှော်စီစာရွာထဲက လူနေရပ်ကွက်တစ်ခုကို တစ်ကြိမ် ဗုံးကြဲချခဲ့တာပါ။
အရပ်သားထိခိုက်ဒဏ်ရာရတာနဲ့ နေအိမ်ပျက်စီးတဲ့အခြေအနေကိုတော့ အတိအကျမသိရသေးပါဘူး။
မေလ ၇ရက်နေ့ကလည်း လုံးခင်းရွာထဲမှာ မိုင်းပေါက်ကွဲလို့ အသက် လေးနှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပါတယ်။
ဖားကန့်မှာ ဒီလဆန်းလောက်ကတည်းက ကေအိုင်အေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေတာပါ။
