ကရင် နယ်ခြားစောင့်တပ်မှ ထွက်ပြေးသူ နှစ်ဆတိုးလာ

အခုလအတွင်း မြန်မာစစ်အစိုးရရဲ့ BGF နယ်ခြားစောင့်တပ်ကနေ ထွက်ပြေးပြီး ကေအန်ယူ တပ်မဟာ ၇ နဲ့ ပြန်လည်ပူးပေါင်း လာကြတဲ့ ဒီကေဘီအေ အဖွဲ့ဝင် အရေအတွက်ဟာ အရင်လကထက် နှစ်ဆလောက် တိုးလာတယ်လို့ သတင်း ရရှိပါတယ်။

2011-01-26
Share
knu_karen_troops_305_z.jpg မြန်မာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး မလုပ်သော KNU ကရင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ထွက်ပြေးပူးပေါင်းလာတဲ့ BGF တပ်ဖွဲ့ဝင်အင်အား ၂၀ လောက်ရှိပြီး အခု ဇန်နဝါရီလ တတိယပတ် အထိ ထွက်ပြေးလာသူ ၄၀ နီးပါး ရှိနေပြီလို့ KNU ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၇ တပ်ရင်း ၁၀၁ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ဖောသိုက ပြောပါတယ်။
သူတို့ အလိုလားဆုံးကတော့ ပြည်တွင်း ငြိမ်းချမ်းရေးပဲ။ အခုက BGF နဲ့ လုပ်ခိုင်းလည်းပဲ ကရင်အချင်းချင်းပဲ ပြန်တိုက်နေရတယ်ဆိုတော့ ဒီကောင်တွေလည်း မလုပ်ချင်တော့ဘူးဗျ။

“သူတို့က အဲဒီ ဟိုဥစ္စာလေ၊ နအဖ တပည့်မခံနိုင်လို့ ပြန်လာကြတာပဲ။ အားလုံး ၃၇ ယောက်နော်၊ ဒီဇင်ဘာလမှာတော့ ၂၀ ကျော်ပဲ။ တိုးလာတယ်။ နောက်ထပ် တိုးဦးမယ်ဗျ။ ဘာကြောင့် တိုးလာလဲဆိုတော့ သူတို့က ဒီစနစ်ကို မကြိုက်ဖူးလေ။ သူတို့ အလိုလားဆုံးကတော့ ပြည်တွင်း ငြိမ်းချမ်းရေးပဲ။ အခုက BGF နဲ့ လုပ်ခိုင်းလည်းပဲ ကရင်အချင်းချင်းပဲ ပြန်တိုက်နေရတယ်ဆိုတော့ ဒီကောင်တွေလည်း မလုပ်ချင်တော့ဘူးဗျ။ အဲလို ဖြစ်နေတယ်။”

ကေအန်ယူရဲ့ အခြား တပ်မဟာတွေမှာလည်း နယ်ခြားစောင့်တပ်က ထွက်ပြေးပြီး ပူးပေါင်းလာသူတွေ ရှိပေမဲ့ စာရင်း အတိအကျတော့ မရရှိသေးပါဘူး။

မြန်မာစစ်အစိုးရဟာ ကေအန်ယူ ကရင် အမျိုးသား အစည်းအရုံး တပ်တွေ၊ ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်တဲ့ DKBA လက်ကျန်တပ်တွေနဲ့ ဖြစ်ပွားနေတဲ့ စစ်ဆင်ရေးတွေမှာ ဒီကေဘီအေအသွင်ပြောင်း BGF တပ်ဖွဲ့တွေကို အသုံးပြု တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့