ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်ကူပို့လာတဲ့ စစ်တပ်ရဲ့ သင်္ဘောတွေကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်နေသလို တစ်ဖက်မှာလည်း ဗန်းမော်မှာ စစ်တပ်က တန်ပြန်ထိုးစစ်တွေဆင်လာတာကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာတဲ့ အကြောင်း သတင်းပေးပို့ချက်နဲ့ ထူးခြားတဲ့သတင်းတွေကို တင်ပြထားပါတယ်။
RFA ရေဒီယိုနဲ့ရုပ်သံ အထူး အစီအစဉ်ကို RFA Burmese YouTube နဲ့ Facebook စာမျက်နှာတွေက တဆင့် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မနက်ခင်းမှာ အသစ် လွှင့်တင်ထားမှာဖြစ်ပြီး ညစဥ် ညနေ ၇ နာရီကနေ ၇ နာရီ ၃၀ မိနစ်အထိ ရေဒီယို လှိုင်းတို မီတာ ၁၉၊ ကီလိုဟတ်စ် ၁၅၂၄၅ ကနေ ထုတ်လွှင့်နေပါတယ်။ ။
