ဇာဂနာအကြောင်း မှတ်တမ်းရုပ်ရှင် ၁၅ နိုင်ငံမှာ ပြသ

နိုင်ငံရေးအကျဉ်းသား ဦးသူရခေါ် ဟာသအနုပညာရှင် ဇာဂနာအကြောင်း ရိုက်ကူးထားတဲ့ ‘This Prison Where I Live (ကျွန်တော်နေတဲ့ ဒီအကျဉ်းထောင်)’ မှတ်တမ်းတင် ရုပ်ရှင်ကားကို အမေရိကန်ပြည်ထောင်စု အင်ဒီယားနား တက္ကသိုလ်-ပါဒူးတက္ကသိုလ် IPFW ခန်းမမှာ ဧပြီ ၄ ရက် တနင်္လာနေ့က ပြသပါတယ်။

0:00 / 0:00

ဒီဇာတ်ကားကို အမေရိကန် အပါအဝင် ကမ္ဘာတဝန်းက ၁၅ နိုင်ငံမှာ ပြသနေပြီး စိတ်ဝင်တစား ကြည့်ရှုသူတွေ အများအပြား ရှိတယ်လို့ ဒါရိုက်တာ Rex Bloomstein က ပြောပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်ကားနဲ့ ပတ်သက်လို့ အားရစရာ တုံ့ပြန်ချက်တွေ ရရှိထားပါပြီ၊ ကျနော့်အနေနဲ့ အမေရိကန်တခွင်မှာ ဆက်လက် ပြသသွားမှာပါလို့ ရုပ်ရှင်ဒါရိုက်တာ ပြောသွားပါတယ်။ ဒါရိုက်တာ Bloomstein ဟာ ဇာဂနာ မှတ်တမ်းရုပ်ရှင်ကားနဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲတရပ်ကို တနင်္လာနေ့ မနက်ပိုင်းက အင်ဒီးယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ ကျင်းပခဲ့ပါတယ်။

ဒါရိုက်တာ Rex Bloomstein ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင်ယူရန်