နိုင်ငံတကာ ဖိအားပေးလေ သတင်းထောက်နှစ်ဦးလွတ်မြောက်ဖို့ ခက်လေလို့ ဒေါက်တာမျိုးညွန့်ပြော

2019-04-25
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် ကို တွေ့ရစဉ်
NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် ကို တွေ့ရစဉ်
Photo: Htet Arkar/RFA

ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦး လွတ်မြောက်ဖို့ နိုင်ငံတကာက ဖိအားပေးလေ သူတို့နှစ်ဦးလွတ်မြောက်ဖို့ ခက်ခဲလေဖြစ်ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဒီနေ့ ပြောပါတယ်။

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ချခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦး လွတ်မြောက်နိုင်ခြေရှိသလားလို့ ဒေါက်တာမျိုးညွန့်ကို ဒီနေ့ RFA က တွေ့ဆုံမေးမြန်းရာမှာ ဖြေကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အယူခံကို ပယ်ချခဲ့ပြီး မူလအမိန့်အတိုင်းထားရှိဖို့ ဧပြီ ၂၃ ရက်နေ့က ချမှတ်ခဲ့တာပါ။

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့နှစ်ဦးအပေါ် ချမှတ်တဲ့ ပြစ်ဒဏ်အပေါ် အမေရိကန်နိုင်ငံ အပါအ၀င် နိုင်ငံတကာက ဝေဖန်နေကြတာပါ။ ဒီသတင်းထောက်နှစ်ဦးဟာ ကုလသမဂ္ဂရဲ့ ယူနက်စကိုက ပေးတဲ့ဆုအပါအ၀င် သတင်းစာလောကရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ ပူလစ်ဇာဆုကိုပါ ရရှိထားသူတွေ ဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာ ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့