ILO ကို တိုင်ကြားသဖြင့် အာဏာပိုင်များက သီးနှံရိတ်သိမ်းခွင့်ပိတ်
2011.01.05
စပါးနှံများ ရင့်မှည့်နေသော လယ်ကွင်းတခု ဖြစ်ပါသည်။ (Photo: AFP)
အိုင်အယ်အို အရာရှိ ပြန်သွားပြီးကတည်းက စစ်တပ်အသိမ်းခံ လယ်ယာမြေတွေပေါ်မှာ စိုက်ပျိုးထားတဲ့ သီးနှံတွေကို ဝင်ရောက် ရိတ်သိမ်းခွင့် မပြုတော့ဘူးလို့ သိရပါတယ်။
တိုင်တန်းကာကို လက်တုံ့ပြန် အရေးယူတာဟာ စစ်အစိုးရနဲ့ အိုင်အယ်အိုအကြား သဘောတူညီချက်ကို ချိုးဖောက်ရာရောက်တယ်လို့ လယ်သမားတွေကို ကူညီ ဆောင်ရွက်ပေးနေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စမ်းချောင်းမြို့နယ် ဥက္ကဋ္ဌ ဦးသက်ဝေက ရှင်းပြပါတယ်၊
စစ်တပ်ကနေ လယ်သမားတွေရဲ့လယ်မြေတွေကို သိမ်းယူခဲ့ပြီး သီးစားခချစားနေတာ ၁၀ နှစ်ကျော် ရှိနေပြီ ဖြစ်ပြီး၊ သီးစားခ နှစ်စဉ် သိန်း ၅၀၀ ခန့် စစ်တပ်က ရရှိနေတယ်လို့ လယ်သမားကြီး တွေက ပြောဆိုပါတယ်။
အခုလို လက်တုံ့ပြန် အရေးယူတဲ့ကိစ္စကို အိုင်အယ်အိုကို ထပ်မံ အကြောင်းကြားဖို့အတွက် ဦးကြည်ရွှေနဲ့ အတူ အောင်လံမြို့က လယ်သမားတွေ ဒီကနေ့ ရန်ကုန် အိုင်အယ်အိုရုံးကို ရောက်ရှိနေတယ်လို့ သိရပါတယ်။
လယ်သမားကြီး ဦးကြည်ရွှေကို RFA ဝိုင်းတော်သား ကိုဇော်မိုးကျော်က ထိုင်းနိုင်ငံ ဗန်ကောက်မြို့ကနေ ဆက်သွယ် မေးမြန်းထားပါတယ်။
| ဆက်သွယ်မေးမြန်းချက် |
|
| အသံဖိုင်ယူရန် |









