ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့တချို့ကို အကျယ်ချုပ်ထား

2021-02-26
Share
ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့တချို့ကို အကျယ်ချုပ်ထား ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများနေထိုင်တဲ့ ဝန်ကြီးများအိမ်ရာဝန်းကိုလာတဲ့လမ်းမှာ နေရာယူထားတဲ့ တပ်မတော်သားအချို့ကို ၂၀၂၁၊ ဖေဖော်ဝါရီ ၂ ရက်နေ့က တွေ့ရစဉ်
Photo: RFA

တပ်မတော်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့ ငါးဦးတို့ ဒီနေ့ ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းက ပြန်လွတ်လာပါတယ်။

ပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်းလွယ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွေ၊ လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးထိတ်ထန်း၊ စည်ပင်ဝန်ကြီး ဦးစိုးထက်နဲ့ လဝက ဝန်ကြီး ဦးဖွေအား တို့ကို ဒီနေ့ ဖေဖော်ဝါရီ ၂၆ ရက် နေ့ မနက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဝန်ကြီး ဦးစိုးထက်နဲ့ နီးစပ်သူက RFA ကို အတည်ပြုပြောပါတယ်။

တပ်မတော်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေကို တပ်မတော်က စခန်းတစ်ခုမှာ ဖမ်းဆီးထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

အခုပြန်လွတ်လာတဲ့ ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးတွေကို သူတို့ရဲ့ဝန်ကြီးများ အိမ်ရာမှာပဲ နေအိမ် အကျယ်ချုပ်နဲ့ ဆက်လက်ထိန်းသိမ်းခံရမယ့်သဘောရှိတယ်လို့လည်း ဆိုပါတယ်။



မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့