အာရှလမ်းမကြီးဖွင့်ပွဲနေ့မှာ လက်တုန့်ပြန်တိုက်ခိုက်သွားမယ် လို့ DKBA ပြော

2015-07-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
DKBA ကလို့ထူးဘော တပ်ဖွဲ့ဝင်တချို့ စစ်ရေးပြနေစဉ်
DKBA ကလို့ထူးဘော တပ်ဖွဲ့ဝင်တချို့ စစ်ရေးပြနေစဉ်
Photo: Kyaw Lwin Oo/RFA

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း အစိုးရဘက်က အဆက်မပြတ် လိုက်လံတိုက်ခိုက်နေမယ်ဆိုရင် အာရှလမ်းမကြီးဖွင့်ပွဲနေ့မှာ လက်တုန့်ပြန်ပစ်ခတ်မယ်လို့ ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA က ဗိုလ်မှူးကြီးစောဆန်းအောင်က RFA ကိုပြောပါတယ်။

အာရှလမ်းကြီးဖွင့်လှစ်ပွဲကို မူလက ဇူလိုင်လ ၂၀ရက်နေ့ဖွင့်လှစ်ဖို့ သတ်မှတ်ထားပေမယ့် အစိုးရတပ်တွေနဲ့ DKBA တပ်တွေ တိုက်ပွဲဖြစ်ပွားတာခဲ့တာကြောင့် ဖွင့်ပွဲကို ရက်ရွှေ့ဆိုင်းထားပြီး  သြဂုတ်လအတွင်းမှ ဖွင့်လှစ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

DKBA တပ်ဖွဲ့တွေဟာ  အစိုးရတပ်တွေရဲ့တိုက်ခိုက်မူကြောင့် လမ်းနေရာက ရွှေ့ပေးခဲ့ပေမယ့် နောက်ကနေ လိုက်လံတိုက်ခိုက်တာခံနေရတယ်လို့ ဗိုလ်မှုူးကြီးစောဆန်းအောင်က ပြောပါတယ်။ ဆက်ပြီးလိုက်လံတိုက်ခိုက်နေ ရင် လက်တုန့်ပြန်မှာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

"သူတို့က စစ်ဖြစ်အောင် ဖန်တီးနေတာတွေ့ရတယ်၊ ကျနော်တို့ကတော့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်မယ်၊ ကိုယ့်ကိုယ်တိုက်ခိုက်ရင် ပြန်တုန့်ဖို့အသင့်ပါပဲ၊ ကျနော်တို့ KNU နဲ့လည်း ညှိနှိုင်းတယ်၊ ညှိနှိုင်းပေမယ့် နေ့စဉ် လက်နက်အင်အားတွေနဲ့ ပစ်ခတ်နေမယ်ဆိုရင် လမ်းဖွင့်ပွဲနေ့မှာ တုန့်ပြန်ပစ်သွားမယ်လို့ ဆုံးဖြတ်ချက်ရှိတယ်"

တိုက်ပွဲတွေ ရပ်ဖို့ KNU ကရင်အမျိုးသားအစည်းအရုံးက ညှိနှိုင်းပေးမယ်လို့ ဇူလိုင်လ ၁၅ရက်နေ့က ထုတ်ပြန်ကြေညာထားပါတယ်။ လက်ရှိမှာတော့ ကော့ကရိတ်နယ်အတွင်း  တိုက်ပွဲတွေ ရပ်နေတာ ၂ရက်ရှိပြီလို့ ဆိုပါတယ်။ ဒါပေမဲ့ DKBA တပ်နောက်ကို အစိုးရတပ်တွေ ထပ်ခြပ်မကွာ လိုက်နေကြောင်း ပြီးခဲ့တဲ့ ရက်တွေက လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း ဗိုလ်မှူးကြီးစောဆန်းအောင်က ပြောပါတယ်။

တိုက်ပွဲတွေဟာ ဇူလိုင်လ ၂ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အာရှလမ်းသစ်ပေါ်မှာ တိုက်ပွဲအကြိမ် ၂၀ နဲ့ လမ်းဟောင်းမှာ ၁၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ DKBA ဘက်က အလောင်းလေးလောင်းနဲ့ တပ်ဖွဲ့ဝင်သုံးဦး ဖမ်းဆီးရမိကြောင်း၊ တပ်မတော်ဘက်မှ အရာရှိ၊ စစ်သည်တချို့ ကျဆုံးကြောင်း တပ်မတော်ပိုင် မြဝတီ သတင်းဌာနက ဇူလိုင်လ ၁၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဗိုလ်မှူးကြီးစောဆန်းအောင်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (6)
Share

(

ွှုအဲသလို တိုက်ရင် အစိုးရကလဲ မျက်နျာပျက်ပြီး နင်တို့ကိူ အလုံးအရင်း နဲ့ အပြတ် ရှင်းမှာပေါ့

Jul 18, 2015 06:04 PM

(

this case mostly depends on the government and military. GOVt cannot give commands to military, so how armed ethnic groups will stay. Solve first,and then must get agreement with them. If do this,will not be a problem. respect is most important

Jul 18, 2015 06:00 PM

ပေါင်​ချိန်

ယဉ်ကျေးတဲ့လူ့အဖွဲစည်းမှာ အဲလိုစကားမျိုးမပြောဖူးလေ
အာရှလမ်းမက ဒေသတွင်းနိုင်ငံများနဲ့ပါသက်ဆိုင်လာတော့
ယင်းနိုင်ငံများ၏ ကုန်စည်များဘေးကင်းစွာဖြတ်သန်းေ းသည် အစိုးရ၏တာဝန်ဖြစ်ပါသည်၊ယင်းအတွက်အစိုးရမှ ညေးမဖြစ်စေရန်အတတ်နိုင်ဆုံးလုံခြံ ုရေးနယ်နမိတ်ကိုအာမခံချက်ရှိအောင်လုပ်ရပါသည်။ ယင်းသို့ပြောလိုက်ခြင်းသည် DKBAအဆင့်သည့် မယဉ်ကျေးသည့် လူ့အဖွဲစည်းအဆင့်သာသာသာရှိကြောင်းထင်ဟပ်စေပါသည်။ပထမဆုံးအကျိုးခံစားရမည်မှာ ကရင်လူမျိုး ပြည်နယ်ဖြစ်သည်ကို နားလည်သင့်သည်။ ရေရှည်ကိုကြည့်ပါ

Jul 17, 2015 10:46 PM

mars

နေရပ်- YGN

Fxxxx that SOB,,, need to "disappear from earth" civilization,, uneducated, destructive minded, low level DKBA people...


Jul 17, 2015 11:48 AM

သက်​​အောင်

DKBA ကတော့ခက်ပီ
ဖဲဝိုင်းစကားပြောလို့မရဖူးလေ
ဘယ်အစိုးရဖြစ်ဖြစ် အဲဒီလိုဖြစ်လာရင် ဘယ်လက်ခံမလဲ
တိုင်းပြည်Imageနဲ့ဆိုင်ပီး ဖွင့်ပွဲ မှာ ပြည်တွင်းပြည်ပ အကြီးကဲတွေ တစုံတခုဖြစ်သွားရင် ကိုယ့်သေတွင်းကိုယ်တူးသလိုဖြစ်မှာပေါ့
ကရင်ခေါင်းဆောင်းများ ဝိုင်းထိန်းဖို့လိုပီ၊စိတ်ခံစားချက်နဲ့လုပ်လို့ရတဲ့အရာမဟုတ်ဖူးဆိုတာနားလည်သင့်ပီ

Jul 16, 2015 10:39 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့