ခရစ်ယာန် ဘာသာ​ရေး​ခေါင်း​ဆောင် နှစ်ဦးကို CDF ဖမ်းထား

2021.07.30
ခရစ်ယာန် ဘာသာ​ရေး​ခေါင်း​ဆောင် နှစ်ဦးကို CDF ဖမ်းထား ဟားခါး CDF အဖွဲ့ဝင်များကို တွေ့ရစဉ်
Photo: Hakha Cherry
ချင်းပြည်နယ် ဟားခါးမြို့နယ်၊ ဆူရ်ခွာမြို့က ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနဲ့ ခရစ်ယာန်သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်းစစ်ကောင်စီနဲ့ အဆက်အသွယ် ရှိတယ်ဆိုပြီး ဟားခါးမြို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) က ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ဆူရ်ခွါမြို့ကနေ ဟားခါးမြို့ကို သွားရာမှာ လမ်းခုလတ်မှာ ဟားခါး CDF က ဖမ်းဆီးခေါ်ဆောင်သွားတာလို့ဆိုပါတယ်။
 
ဟားခါး CDF တပ်ဖွဲ့ဝင်တစ်ဦးကတော့ ဘုန်းတော်ကြီးနဲ့ သင်းအုပ်ဆရာတို့ဟာ စစ်တပ်က ခေါ်တွေ့နေတာကို သတင်းရထားတာကြောင့် ဖမ်းဆီးပြီး မေးမြန်းတဲ့အခါမှာ ဟုတ်မှန်ကြောင်း ဝန်ခံထားလို့ လုံခြုံရေးအရ ဖမ်းဆီး ထိန်းသိမ်းထားတာလို့ RFA ကိုပြောပါတယ်။
 
ဘယ်အချိန် ပြန်လွှတ်မယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။
 
ဟားခါး CDF အဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ကလည်း ဆူရ်ခွာမြို့ ရဲခန်းကို မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။
 
အဲဒီနောက် မေလ ၃၁ ရက်နေ့ကနေ  ဇွန်လ ၁ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ဟားခါး CDF တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဆူရ်ခွါမြို့အပါအဝင် ဟားခါး-မတူပီအကြား ကားလမ်းဘေးတစ်လျှောက် ကျေးရွာ ၁၀ ရွာကျော်က ဒေသခံတွေ  ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။