HIV/AIDS ဂေဟာ တာဝန်ယူ ကူညီသူ ကိုရာဇာ ဖမ်းဆီးအမှုဖွင့်ခံရ

ရန်ကုန်တိုင်း ဒဂုံမြို့သစ်အရှေ့ပိုင်းမှာ မိဘမဲ့ကလေးငယ်တွေနဲ့ HIV/AIDS ဝေဒနာရှင် ၁၀၀ နီးပါးကို တာဝန်ယူ ကူညီစောင့်ရှောက်ပေးနေတဲ့ ကိုရာဇာကို မတ်လ ၂ ရက်နေ့ မနက်ပိုင်း မှာ စစ်ကောင်စီက ဖမ်းဆီးသွားပါတယ်။

ဒီနေ့မနက်မှာတော့ ကိုရာဇာဟာ ဒဂုံမြို့သစ်အရှေ့ပိုင်း ရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေ၊ ငွေကြေးခဝါချမှုဥပဒေတွေနဲ့ အမှုဖွင့်ခံထားရတယ်လို့ အမည်မဖော်လိုတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးက RFA ကို ပြောပါတယ်။

"ကိုရာဇာကို မနေ့က HIV စင်တာမှာ မေးစရာရှိတယ် ခဏလိုက်ခဲ့ပါဆိုပြီး ဖမ်းတယ်။ ဒီမနက်မှာ မတရားပုဒ်မတွေနဲ့ တရားစွဲတယ်ဆိုတော့ HIV/AIDS ကူညီစောင့်ရှောက်နေ တဲ့သူကို ဘာကြောင့် ဒီလိုမတရား ထောင်ချနှိပ်စက်ချင်တာလဲဆိုတာ စစ်ကောင်စီကို မေးချင်တယ်"

အဲဒီ HIV/AIDS ဂေဟာကို NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက တည် ထောင်ထားတာဖြစ်ပြီး လက်ရှိမှာတော့ ကိုရာဇာကပဲ ဦးဆောင်တာဝန်ယူ ကူညီနေတာပါ။

ကိုရာဇာဟာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်ပြီး HIV ဝေဒနာရှင်တွေအတွက် အာရုံစိုက် အလုပ်လုပ်နေသူတစ်ဦးလည်း ဖြစ်တယ်လို့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်က ဆက် ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၁၇ ရက်နေ့ကလည်း အဲဒီ HIV/AIDS ကူညီစောင့်ရှောက်ရေးဂေဟာကို စစ်ကောင်စီက ဝင်ရောက်ရှာဖွေခဲ့ပါတယ်။