လူ့အခွင့်အရေးချိုးဖောက်မှု HRW နှစ်ပတ်လည်အစီရင်ခံစာ


2019.01.17
hrw-622 HRW အဖွဲ့မှ ထုတ်ပြန်သည့် နှစ်ပတ်လည်အစီရင်ခံစာ။
(Screenshot of HRW Report)

မြန်မာအစိုးရဟာ ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ်အတွင်း ရိုဟင်ဂျာမွတ်စလင်တွေ အပါအဝင် လူနည်းစုတိုင်းရင်းသားတွေ အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောလိုက်ပါတယ်။

ကမ္ဘာတလွှားက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး HRW အဖွဲ့က စာမျက်နှာ ၆၇ဝ ကျော်ပါတဲ့ ၂ဝ၁၉ ခုနှစ်အတွက် နှစ်ပတ်လည်အစီရင်ခံစာကို ဒီနေ့ ထုတ်ပြန်လိုက်တာပါ။

မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ မယုံနိုင်လောက်အောင် ရက်စက်တဲ့လုပ်ရပ်တွေ  ကျူးလွန်ခဲ့တဲ့ အထောက်အထားတွေ ရှိတယ်လို့ HRW အာရှရေးရာညွှန်ကြားရေးမှူး  Brad Adams က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အစိုးရဟာ စစ်တပ်ရဲ့ ရက်စက်တဲ့လုပ်ရပ်တွေကို အရေးယူမယ့်အစား၊ တချိန်က NLD ပါတီက ခံယူခဲ့တဲ့ "လွတ်လပ်မှုနဲ့ တရားမျှတမှုစံနှုန်း" တွေကို သွေဖယ်ပြီး- စစ်တပ်က ငြင်းဆန်တာကိုပဲ လက်ခံထားတယ်လို့လည်း ပြောပါတယ်။

NLD အစိုးရလက်ထက်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်တွေကို ပိုပြီးချုပ်ကိုင် လာတဲ့အတွက် ဒီမိုကရေစီနယ်ပယ် ကျဉ်းမြောင်း ဆုတ်ယုတ်လာတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။