ချင်းပြည်နယ်မြောက်ပိုင်း၊ ထန်တလန် မြို့မှာ နှစ်ရက်အတွင်း နေအိမ် ၁ဝဝ ကျော် မီးရှို့ခံရတယ်လို့ ထန်တလန်မြို့နယ် နေရာချထားရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့က နေအိမ် ၉၃ လုံးမီးရှို့ခံရပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့ က နေအိမ် ၈ လုံးမီးရှို့ခံရတာပါ။
ဒီတစ်ကြိမ်နဲ့ ဆိုရင် စစ်ကောင်စီက ထန်တလန်မြို့ကို မီးရှို့တာ ၂၆ ကြိမ်ရှိပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း ထန်တလန်မြို့က နေအိမ် ၂၂ လုံး၊ ဇန်နဝါရီလ ၃ဝ၊ ၃၁ ရက်နေ့နဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က နေအိမ် ၉၄ လုံးမီးလောင်ခဲ့ပါတယ်။
ထန်တလန်မြို့မှာ နေအိမ် ၂၅ဝဝ ခန့်ရှိတာဖြစ်ပါတယ်။ ထန်တလန်မြို့က နေအိမ်တွေမီးလောင်ခံရမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ကို ရဖို့ RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။