မြန်မာအကျဉ်းထောင်တွေမှာ ကိုဗစ်ကူးစက်မှု ICRC ထုတ်ပြန်

2021.07.24
မြန်မာအကျဉ်းထောင်တွေမှာ ကိုဗစ်ကူးစက်မှု ICRC ထုတ်ပြန် ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ ကိုဗစ်- ၁၉ ကူးစက်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာ ကြက်ခြေနီအသင်း ICRC က ဇူလိုင် ၂၄ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်တွေမှာ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး လတ်တလော ထုတ်ပြန်ခဲ့တဲ့ သတင်းအချက်အလက်တွေကို ICRC က အနီးကပ် လေ့လာစောင့်ကြည့်နေကြောင်း၊ အကျဉ်းထောင်တွေ အပါအဝင် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ထိခိုက်ခံစားရမှုတွေ မြင့်တက် လာနေတဲ့အပေါ် ICRC က အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း၊ အင်းစိန်အကျဉ်းထောင် အပါအဝင် အကျဉ်းထောင်တွေမှာ လူသားချင်း စာနာထောက်ထားမှု သက်သက်သာဖြစ်တဲ့ သွားရောက်လေ့လာမှုနဲ့ လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ဖို့ အကျဉ်းထောင်တာဝန်ရှိသူတွေနဲ့ ဆက်လက် ဆွေးနွေးနေကြောင်း၊ အကျဉ်းထောင်သွားရောက် လေ့လာမှုနဲ့ လုပ်ငန်းတွေကို ကိုဗစ် - ၁၉ ရောဂါစတင်ဖြစ်ပွားချိန်ကစပြီး ရပ်တန့် ထားရကြောင်း၊ အကျဉ်းချထားရာ နေရာတွေမှာ ကိုဗစ် - ၁၉ ရောဂါနဲ့ အ‌ထွေထွေကျန်းမာရေးဆိုင်ရာ အကူအညီတွေ ထောက်ပံ့ပေးအပ်နိုင်ရေးအတွက် ICRC က ကမ်းလှမ်းကြောင်းလည်း ထပ်လောင်းပြောဆို ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။