အိန္ဒိယ-မြန်မာ နယ်စပ်အရေးစိုးရိမ်ကြောင်း မီဇိုရမ်အုပ်ချုပ်ရေးမှူး ပြော

RFA Burmese
2025.02.08
အိန္ဒိယ-မြန်မာ နယ်စပ်အရေးစိုးရိမ်ကြောင်း မီဇိုရမ်အုပ်ချုပ်ရေးမှူး ပြော အိန္ဒိယနယ်စပ်လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးအား ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့က နယ်စပ်တစ်နေရာတွင် တွေ့ရစဉ်။
AFP

မူးယစ်ဆေးဝါးမှောင်ခိုမှုတွေနဲ့ မတည်ငြိမ်တဲ့အုပ်ချုပ်ရေးအခြေအနေမှာရှိနေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနယ်စပ်အရေးဟာ စိုးရိမ်စရာဖြစ်တယ်လို့ မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူး ဗီဂျေး ကူးမားဆင်း က ပြောလိုက်ပါတယ်။

အာသံရိုင်ဖယ်အဖွဲ့နဲ့ မီဇိုရမ် ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး အိန္ဒိယနယ်စပ်မှာ မူးယစ်ဆေးမြောက်များ စွာဖမ်းမိခဲ့ပြီးတဲ့နောက် မီဇိုရမ်ပြည်နယ်ရဲ့ မြို့တော် အိုင်ဇောလ်က အာသံရိုင်ဖယ် ရုံးချုပ်တာဝန်ရှိသူတွေကို မိန့်ခွန်းပြောကြား ချိန်မှာ ထည့်သွင်းပြောလိုက်တာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီတစ်လထဲမှာ အမေရိကန်ဒေါ်လာ ခြောက်သောင်းဝန်းကျင်တန်ဖိုးရှိတဲ့ ဘိန်းဖြူတွေကို အာသံရိုင်ဖယ်လ်အဖွဲ့က ဖမ်းမိခဲ့ပါတယ်။ ဒေသတွင်းမတည်ငြိမ်မှုနဲ့ အခက်အခဲတွေကိုဖြစ်စေတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြားမှာ အာသံရိုင်ဖယ်အဖွဲ့ရဲ့ စည်းကမ်းနဲ့အမိန့်နာခံမှုရဲ့ အရေးပါတဲ့ အခန်း ကဏ္ဏကို အိန္ဒိယအစိုးရက အသိအမှတ်ပြုကြောင်းနဲ့ အိန္ဒိယနယ်စပ်တလျှောက် တည်ငြိမ်အေးချမ်းရေးအတွက် တပ်ဖွဲ့ရဲ့ ကြိုးပမ်းအားထုတ်မှုအတွက်လည်း သူက ချီးကျူးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။