အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားဇုံမှာ ရောက်ရှိနေတဲ ရိုဟင်ဂျာမွတ်စလင် ၃၁ ဦးကို အိန္ဒိယရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ရိုဟင်ဂျာတွေကို တရားမဝင်ခိုးဝင်လာသူတွေအဖြစ် ဖမ်းဆီးနေတဲ့အတွက် ထွက်ပြေးလာကြတဲ့ အဲဒီသူတွေကို လက်ခံဖို့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် အာဏာပိုင်တွေအကြား ၂ ကြိမ် တိုင်တိုင် ဆွေးနွေးခဲ့ပေမယ့် သဘောတူညီချက်မရပဲ ရှိနေစဉ်မှာ အိန္ဒိယရဲတပ်ဖွဲ့က သက်သေခံအထောက်အထားမဲ့ ခိုးဝင်လာမှုနဲ့ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
အဲဒီ ရိုဟင်ဂျာတွေဟာ အိန္ဒိယနိုင်ငံ ကက်ချ်မီးယား ပြည်နယ်က ထွက်ပြေးလာကြတာဖြစ်ပြီး သောကြာနေ့ ကတည်းက နယ်ခြားဇုံကို ရောက်ရှိနေတာပါ။ သူတို့အထဲက တချို့ဟာ UNHCR ကုလ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အသိအမှတ်ပြုလက်မှတ်တွေ ကိုင်ဆောင်ထားတယ်လို့ သိရပါတယ်။
