AA နဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် အိန္ဒိယအာဏာပိုင်တွေ စိုးရိမ်

2019-01-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကင်းစောင့်နေတဲ့ အိန္ဒိယစစ်သားတစ်ဦးကို တွေ့ရစဉ်
ကင်းစောင့်နေတဲ့ အိန္ဒိယစစ်သားတစ်ဦးကို တွေ့ရစဉ်
Photo: TAUSEEF MUSTAFA / AFP

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ AA ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရတပ်ဖွဲ့တွေအကြား လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ အိန္ဒိယနယ်ခြားဒေသနဲ့ နီးကပ်လာနေတဲ့အတွက် အိန္ဒိယအာဏာပိုင်တွေက စိုးရိမ်နေတယ်လို့ မနေ့က သတင်းရပါတယ်။

မဏိပူရပြည်နယ်က ခရိုင် နှစ်ခုမှာ မြန်မာနိုင်ငံက လာရောက်ခိုလှုံနေသူတွေ ထောင်နဲ့ချီရှိပြီး အဲဒီဒေသနဲ့ နီးကပ်တဲ့ မြန်မာနိုင်ငံဘက်မှာ အေအေနဲ့ အစိုးရတပ်တွေ မကြာခဏ တိုက်ပွဲဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အိန္ဒိယထိပ်ပိုင်းပုဂ္ဂိုလ်တွေ မကြာခင်က အရေးပေါ်အစည်းအဝေး တခုကျင်းပပြီး နယ်စပ်ဖြတ်ကျော်ကာ မဏိပူရပြည်နယ်အတွင်း ပြန့်ပွားလာနိုင်မယ့် အန္တရာယ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

 

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့