မြန်မာစာနယ်ဇင်းသမဂ္ဂ(ယာယီ)ဖွဲ့စည်း

မြန်မာစာနယ်ဇင်းသမဂ္ဂ (ယာယီ) ကို အဖွဲ့ ၅ ခုနဲ့ ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။ မူဝါဒရေးဆွဲရေးအဖွဲ့၊ သတင်းပြန်ကြားရေးအဖွဲ့၊ စည်းရုံးရေးအဖွဲ့၊ ဘဏ္ဍာရေးအဖွဲ့ ရုံးအဖွဲ့စတဲ့ အဖွဲ့ ၅ ဖွဲ့နဲ့ ရန်ကုန်က ယုဇန ဟိုတယ်မှာ ဖွဲ့စည်းလိုက်တာပါ။

မြန်မာစာနယ်ဇင်းသမဂ္ဂ ပေါ်ပေါက်ရေးအတွက် ဒီအဖွဲ့ ၅ ဖွဲ့က ကြိုးပမ်းသွားမယ်လို့ ဘဏ္ဍာရေးအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးဇော်သက်ထွေးက ပြောပါတယ်။

"လောလောဆယ်ကျနော်တို့ကတော့ မြန်မာစာနယ်ဇင်သမဂ္ဂ ပေါ်ပေါက်ရေးအတွက်ကို ဒီအဖွဲ့က ကြိုးပမ်းသွားမှာပါ။ တကယ်လို့ mass meeting ခေါ်ပြီး elected နဲ့ လုပ်ပြီးရင်တော့ ဒီအဖွဲ့ဟာ ဖျက်သိမ်းပြီးသား ဖြစ်သွြးပါတယ်။ ဒီအဖွဲ့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြီးရင် mass meeting ခေါ်နိုင်မှာပါ။"

စာနယ်ဇင်းသမဂ္ဂရဲ့ ဖွဲ့စသည်းပုံကို မူဝါဒရေးဆွဲရေးဆွဲရေးအဖွဲ့က တာဝန်ယူမှာဖြစ်ပါတယ်။ မူဝါဒရေးဆွဲရေးအဖွဲ့မှာ အေပီ သတင်းထောက် ဒေါ်အေးအေးဝင်း၊ Weekly Eleven ဂျာနယ်က ဦးဝေဖြိုး၊ အလင်းတန်းဂျာနယ်က ဦးမျိုးမြင့်ငြိမ်း၊ တက်လမ်းဂျာနယ်က ဦးချစ်ဝင်းမောင်တို့ ပါဝင်ပါတယ်။ စာနယ်ဇင်းသမဂ္ဂရဲ့ မူဝါဒတွေထဲ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နဲ့ စာနယ်ဇင်းသမားတွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ဆိုတဲ့ အချက် ၂ ချက်ပါဝင်တယ်လို့ ဦးဇော်သက်ထွေးက ပြောပါတယ်။

သတ္ထုတွင်းဝန်ကြီးဌာနရဲ့ ငွေကြေးအလွှဲသုံးစားမှုအကြောင်းရေးသာလို့ The Voice ဂျာနယ်ကို တရားစွဲဆိုမယ်လို့ အစိုးရသတင်းစာမှာဖော်ပြတာနဲ့ပတ်သက်လို့ စာနယ်ဇင်းသမဂ္ဂရဲ့ မူဝါဒနဲ့ဆက်စပ်နေတာကြောင့် ဒီအကြောင်းနဲ့ ပတ်သက်လို့ အဖွဲ့တွင်းဆွေးနွေးမှုတွေ စတင်နေပြီလို့လဲ ဦးဇော်သက်ထွေးက ပြောပါတယ်။

မြန်မာစာနယ်ဇင်းသမဂ္ဂ (ယာယီ) ရဲ့ နောက်တကြိမ်အစည်းအဝေးကို လာမယ် မတ် ၂၄ ရက်နေ့မှာ ထပ်မံပြုလုပ်မယ်လို့ သိရပါတယ်။