လူထုစည်းဝေးပွဲမှာ ကချင်အရေး ဆွေးနွေး

ကချင်ပြည်နယ်မှာ အခု ဖြစ်နေတဲ့ စစ်ပွဲနဲ့ လက်ရှိ အခြေအနေတွေနဲ့ပတ်သက်တဲ့ လူထုစည်းဝေးပွဲ တရပ်ကို KIO ဌာနချုပ် လိုင်ဇာမြို့ မှာ ဇူလိုင်လ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ကျင်းပနေ ပါတယ်။

ဒီပွဲကို ဒေသ အသီးသီးက ကိုယ်စားလှယ်ပေါင်း တရာကျော် တက်ရောက်ပြီး အမြင် အမျိုးမျိုး ဆွေးနွေး ဖလှယ်နေကြ ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အခုတလော ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်ကို ချပြတာ ဖြစ်ကြောင်း၊ လူထုကလည်း အတော် စိတ်ဓါတ် တက်ကြွနေပြီး ၁၂၀ ဦးလောက် တက်ရောက်လာကြောင်း၊ မြို့ပေါ်က အများစု တက်ရောက်လာပြီး သူတို့ရဲ့ အမြင် သဘောထားတွေကို ပြောဆို ဆွေးနွေးကြကြောင်း၊ KIO တွဲဘက် အတွင်းရေးမှုး ဦးလာနန်က RFA ကို ပြောပါတယ်။ KIO နဲ့ဖြစ်နေတဲ့ ပဋိပက္ခတွေ ပြေလည်သွားပြီလို့ ဦးသိန်းစိန် အစိုးရ အဖွဲ့က ပြီးခဲ့တဲ့ သတင်းပတ်တွေထဲမှာ ပြောဆိုခဲ့တာတွေ ရှိပါတယ်။ ဒါပေမယ့် အစိုးရတပ်ဘက်က ဒီကနေ့အထိ ဆက်ပြီး ပစ်ခတ်နေသေးတဲ့ အတွက် အပစ်ရပ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖို့အလှမ်းဝေးနေတုန်းပဲလို့ဆိုပါတယ်။ ကချင် ပြည်နယ်မှာ ဒီနေ့လည်း အစိုးရတပ်က လက်နက်ကြီးတွေနဲ့ ဆက်လက် တိုက်ခိုက်နေတယ်လို့ သတင်း ရရှိပါတယ်။ KIO တွဲဘက်အတွင်းရေးမှုး ဦးလာနန်နဲ့ ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။

အသံဖိုင်ယူရန်။