မီးရှို့ခံခဲ့ရသည့် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အင်းပက်ကျေးရွာ

2022.05.11
Inn Pat Village_Google Earth_2022 January.jpg Inn Pat Village_Planet Labs_2022 May 7.jpg
(ဝဲ) ၂၀၂၂ ခုနှစ် ဇန်နဝါရီလက ဂြိုဟ်တုဓာတ်ပုံတွင်တွေ့ရသည့် အင်းပက်ကျေးရွာ။ (Google Earth)
(ယာ) မီးရှို့ခံရပြီးနောက် ၂၀၂၂ ခုနှစ် မေလ ၇ ရက်နေ့က ဂြိုဟ်တုဓာတ်ပုံတွင်တွေ့ရပုံ။ (Planet Lab)

၂၀၂၂ ခုနှစ် မေလ ၂ ရက်နေ့က မီးရှို့ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အင်းပက်ကျေးရွာ မီးလောင်ပြင်ကို ဂြိုဟ်တုက ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေမှာ ထင်ထင်ရှားရှား တွေ့ရပါတယ်။

ဒ့ါပြင် အင်းပက်ကျေးရွာတောင်ဘက် သုံး‌လေးမိုင်အကွာက ဒန်းကုန်းရွာနဲ့ မှန်တောရွာမှာ နေအိမ်တွေ မီးရှို့ခံထားရတာကိုလည်း ဂြိုဟ်တုဓာတ်ပုံတွေမှာ တွေ့ရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ဧပြီလကုန်အထိ နိုင်ငံတစ်ဝန်းမှာ အိမ်ပေါင်း တစ်သောင်းနှစ်ထောင်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းက ကျေးရွာတွေက အများဆုံးမီးရှို့ခံခဲ့ရတယ်လို့ Data For Myanmar သုတေသန အဖွဲ့က မေလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
Dan-Kone-and-Hman-Taw-Village.jpg

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။