၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကိုကြီး တည်ထောင်ထားတဲ့ ကေကျူ (KQ) စာအုပ်တိုက်နဲ့ သူရေးသားတဲ့ “နိုင်ငံတော်သစ်နဲ့ အမျိုးသား အမှတ် သရုပ်” စာအုပ်မိတ်ဆက်ပွဲကို ဒီနေ့ ရန်ကုန်မြို့ ရန်ကင်းစင်တာမှာ ကျင်းပခဲ့ပါတယ်။
“နိုင်ငံတော်သစ်နဲ့ အမျိုးသား အမှတ်သရုပ်” စာအုပ်ရဲ့ အဓိကရည်ရွယ်ချက်ကို ကိုကိုကြီးက RFA ကို အခု လို ပြောပါတယ်။
"နိုင်ငံတော်တည်ဆောက်တော့မယ်ဆို ရင် နိုင်ငံတော် တစ်ခုလုံးကလက်ခံတဲ့ အမျိးသားအမှတ်သရုပ်ဆို တာကို ဖော်ထုတ် ဖို့လိုတယ်၊ တိုင်းရင်းသားတွေ ဘာသာအယူ ဝါဒမတူတာတွေ အားလုံးစုစည်းနေ ထိုင်နေတဲ့ နိုင်ငံတော်မှာ အားလုံးက လက်ခံတဲ့ အမှတ်သရုပ် ကိုရှာဖွေဖို့ဆိုတာ ကျနော်တိုက်တွန်းထားတယ်၊ အဲ့သလိုမျိုး တွေးစရာတွေပါ ဖြစ်လာစေမယ်လို့ ယူဆတဲ့အချက်အလက်တွေ အဲ့ဒါကိုကျနော် စာအုပ်လေးအဖြစ်နဲ့ စုစည်းပြီးထုတ်ဝေမှာပါ"
ကိုကိုကြီး ရေးသားတဲ့ စာအုပ်အပြင် စာရေးဆရာ ဧမင်းယဉ်ရဲ့ “လွှတ်တော်လေ့လာမှု အခြေခံအယူအဆများ” စာအုပ်နဲ့ ကဗျာဆရာ အောင်ဒင်ရဲ့ “ရန်ကုန် ငြိမ်းချမ်းရေး” ကဗျာစာအုပ်တွေကိုလည်း ကေကျူစာအုပ်တိုက်ကနေ ဒီနေ့စတင် ဖြန့်ချီခဲ့ပါတယ်။
ကေကျူစာအုပ်တိုက်ကနေ နိုင်ငံရေးနဲ့ပတ်သက်ပြီး အသိပညာပေးနိုင်တဲ့ စာအုပ်တွေကို အဓိကထားထုတ်ဝေ သွားမယ်လို့လည်း သိရပါတယ်။
ဦးကိုကိုကြီးကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။