ကျောက်တော် မဟာမုနိ ဒုက္ခသည်စခန်း အဆောင် ၂၆၂ လုံး မီးလောင်ဆုံးရှုံး

2022.05.09
Share on WhatsApp
Share on WhatsApp
ကျောက်တော် မဟာမုနိ ဒုက္ခသည်စခန်း အဆောင် ၂၆၂ လုံး မီးလောင်ဆုံးရှုံး ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မဟာမုနိ စစ်ဘေးဒုက္ခသည်စခန်း မီးလောင်ခဲ့သည့်နေရာအား ၂၀၂၂ မေလ ၉ ရက်နေ့က တွေ့ရစဉ်
Photo: CJ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မဟာမုနိ စစ်ဘေးဒုက္ခသည်စခန်း မေလ ၉ ရက် ဒီနေ့မနက် ၁ နာရီကျော်က မီးလောင်ခဲ့တာကြောင့် လူနေအဆောင် ၂၆၂ လုံး မီးလောင် ဆုံးရှုံးသွားတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

ဒုက္ခသည်တွေနေထိုင်တဲ့ အဆောင် ၄၃၂ လုံးထဲက ၂၆၂ လုံး မီးလောင်ဆုံးရှုံးသွားတာဖြစ်ပြီး မီးလောင်ဆုံးရှုံးခဲ့ရတဲ့ မိသားစု ၂၆၀ ကျော်လည်း အခက်အခဲဖြစ်နေကြတယ်လို့ ဒုက္ခသည် စခန်းရဲ့ နာယကဆရာတော်က RFA ကို မိန့်ပါတယ်။

“အခုလက်ရှိ ဒုက္ခသည်တွေက ရထားဘူတာအပျက်မှာပဲ အားလုံးစုပြုံနေကြရတယ်။ သူတို့ပစ္စည်းတွေလည်း အကုန်လုံး မီးထဲပါသွားပြီ။ အားလုံးဝိုင်းဝန်း အကူအညီပေးဖို့ အရေးတကြီးလိုအပ်ပါတယ်။ အခု မိုးရာသီလည်း ရောက်နေပြီ။ ဒုက္ခသည်တွေ စားစရာ၊ နေစရာမရှိတော့ဘူးဖြစ်နေတယ်”

ဒုက္ခသည်စခန်းရဲ့ အဆောင်တွေကို ဝါး၊ ဓနိ၊ တာပေါ်လင်စတွေနဲ့ ဆောက်လုပ်ထားတာ ဖြစ်ပြီး တစ်ဆောင်နဲ့ တစ်ဆောင် နီးကပ်တာကြောင့် အခုလို အများအပြား မီးလောင်ဆုံးရှုံး သွားတာလို့ ပြောပါတယ်။

ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနကတော့ အဲဒီမီးဟာ နေအိမ်မီးဖို မီးကြွင်းမီးကျန်ကနေ တစ်ဆင့် စတင်လောင်ကျွမ်းတာဖြစ်ပြီး လူနဲ့ တိရစ္ဆာန်တွေအပေါ် ထိခိုက်မှုမရှိဘူးလို့ ဒီနေ့မနက်က ထုတ်ပြန်ပါတယ်။ မီးဘေးဒုက္ခသည် အသေးစိတ်စာရင်းကိုတော့ ကောက်ခံနေဆဲလို့ ဆိုပါတယ်။

မဟာမုနိ စစ်ဘေးဒုက္ခသည်စခန်းမှာ ကျောက်တော်မြို့နယ် မျောက်တောင်၊ သာစည်၊ ရွှေပြည်၊ တင်းမ စတဲ့ ကျေးရွာတွေနဲ့ ပလက်ဝမြို့နယ် နှမဒါ၊ ပြိုင်းတိုင်း၊ စိမ်းစင်း စတဲ့ ကျေးရွာတွေက အိမ်ထောင်စု ၄၃၂ စုနဲ့ လူဦးရေ ၁၈၀၀ ကျော် ခိုလှုံနေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့