ကျောက်တော်ရဲမှူး ဓားထိုးခံရ၊ တရားခံမမိသေး


2019.08.20
kyauktaw-map-622.jpg ရခိုင်ပြည်နယ် ကျောက်တော်မြို့ မြေပုံကို တွေ့ရစဉ်
.

စစ်ရေးအခြေအနေတွေ တင်းမာနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့က မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စောသန်းလွင်ဟာ မနေ့ညနေက ဓားထိုးခံရပြီး ကျောက်တော်ဆေးရုံမှာ အတွင်းလူနာအဖြစ် တင်ထားရပါတယ်။

ဒီနေ့မနက်မှာ စစ်တွေဆေးရုံကို သယ်ယူလာဖို့ စီစဉ်နေကြတယ်လို့လည်း စစ်တွေမြို့က ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့က အေအေအဖွဲ့က ပြန်လွှတ်ပေးလိုက်တဲ့ ဆုထူးစံ ကုမ္ပဏီဝန်ထမ်း ကိုးဦး ပလက်ဝမြို့ကနေ ပြန်လာတာကို ကျောက်တော်မြို့ဆိပ်ကမ်းမှာ သွားစောင့်နေချိန်မှာ အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးက ရဲမှူးရဲ့ကျောကို သုံးချက်ထိုးပြီး ထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလူငယ်ဟာ လုပ်ကြံပြီး ချက်ချင်းထွက်ပြေးသွားတာကြောင့် မဖမ်းမိလိုက်ဘူးလို့လည်း သိရပါတယ်။

ထွက်ပြေးသွားတဲ့လူငယ်ဟာ သုံးဦးဖြစ်ပြီး သူတို့ဟာ ဘယ်သူဘယ်ဝါမှန်းမသိရသေးဘူးလို့ ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

ဓားထိုးခံရချိန်မှာ ရဲမှူးနဲ့အတူပါလာတဲ့ တခြား ရဲတွေက လိုက်ဖမ်းပေမယ့် မမိလိုက်ဘူးလို့ သိရပါတယ်။ ရဲမှူးဟာ သူ့ရဲ့လုံခြုံရေးအရ အပြင်ကိုသွားရင် ရဲယူနီဖောင်း မဝတ်တာ တော်တော်ကြာပြီလို့ မြို့ခံတွေက ပြောပါတယ်။

မနေ့က ဓားထိုးခံရချိန်မှာလည်း အရပ်ဝတ်နဲ့လို့သိရပါတယ်။ ပုဂ္ဂိုလ်ရေး ရန်ငြိုးကြောင့်လား၊ လူမှားထိုးတာလား၊ အဖွဲ့အစည်းတစ်ခုခုရဲ့ လက်ချက်လား ဆိုတာကိုတော့ မသိရသေးပါဘူး။

မြောက်ဦးမြို့နယ်မှာ တိမ်ညိုစခန်းမှူး လုပ်ကြံသတ်ဖြတ်ခံရတဲ့ဖြစ်စဉ်ရှိခဲ့ပေမယ့် ကျောက်တော်မြို့နယ်မှာတော့ ရဲအရာရှိတစ်ဦး လူမြင်ကွင်းမှာ ပထမဆုံးအကြိမ် တိုက်ခိုက်ခံရခြင်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။