အလုပ်သမားအဖွဲ့အစည်း ဥပဒေမူကြမ်း အတည်ပြု
2011.08.29
၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက် နေ့တွင် ကျင်းပသည့် ပထမ အကြိမ် အမျိုးသား လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး ပထမနေ့တွင် လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် သဘာပတိ အမှာစကား ပြောကြားသည့် မြင်ကွင်း ဖြစ်ပါသည်။
ဒီဥပဒေမူကြမ်းအရ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့်ရှိမှာဖြစ်ပြီး အလုပ်သမား အခွင့်အရေးတွေကို လုပ်ဆောင်နိုင်တော့မှာ ဖြစ်တယ်လို့ အထက်လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က RFA ကို ပြောပါတယ်။
“အလုပ်သမားတွေ အကျိုးအတွက် ကော်မတီတွေဖွဲ့၊ ရန်ပုံငွေတွေ ထောင်၊ တောင်းဆိုချက်တွေ ညှိနှိုင်းချက်တွေ လုပ်ပေ့ါဗျာ။ အဲလိုမှ မရလို့ ဆန္ဒပြချင်တယ် ဆိုရင်လည်း သက်ဆိုင်ရာ… မှာတင်ပြပြီးတော့ ဆန္ဒပြကြပေ့ါဗျာ”
ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ၁၉၆၂ ခုနှစ် တရားရုံး ညွှန်ကြားလွှာပါ အကျဉ်းထောင်တွေကို တရားသူကြီးတွေ သွားရောက်ပြီး အကျဥ်းသားတွေရဲ့ အခြေအနေကို စုံစမ်းစစ်ဆေးခွင့်နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တယ်လို့လည်း သိရပါတယ်။
လွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးဖို့ ရှိတဲ့ အမျိုးသားလွှတ်တော်အမတ် ဦးခင်ရွှေရဲ့ ဒေါ်လာဈေး ပြန်လည်သတ်မှတ်ရန် အဆိုကိုတော့ အချိန်အခက်အခဲကြောင့် ဆိုပြီး မဆွေးနွေးနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
ဒီကနေ့ လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်ကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန်။ |









