အခြေခံဥပဒေကို ပြင်ဆင်ဖို့ လွိုင်ကော်မြို့ပါတီများ တိုက်တွန်း


2013.10.30
usdp-constitution-305.jpg ကယားပြည်နယ်၊ လွိုင်ကော်မြို၊့နောင်ယား (က) ရပ်ကွက်မှာရှိတဲ့ပြည်နယ်ရုံးမှာ အောက်တိုဘာလ ၃ဝ ရက်နေ့ကပြုလုပ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးပွဲကို တွေ့ရစဉ်
photo: RFA/ Nay Thwae

ကယားပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ က ဦးဆောင်ပြီး နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးဆွေးနွေးပွဲကို ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ရုံးချုပ်မှာ ဒီနေ့မနက်ပိုင်းက ကျင်းပပါတယ်။

အဲဒီဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ပါတီပေါင်းစုံရဲ့ ကိုယ်စားလှယ်တွေက အခြေခံဥပဒေထဲက ဗဟိုနဲ့ ပြည်နယ်တွေအကြား အာဏာခွဲဝေမှု၊ လွှတ်တော်မှာ တပ်မတော်သားတွေရဲ့ ကိုယ်စားပြုမှု၊ သဘာဝသယံဇာတ ခံစားပိုင်ခွင့် စတာတွေကို အဓိကထားဆွေးနွေးခဲ့ကြပါတယ်။  

တက်ရောက်လာသူ ပါတီကိုယ်စားလှယ်အများစုက အခြေခံဥပဒေကိုပြင်ဆင်ဖို့ ဆွေးနွေးခဲ့ကြတယ် လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကယားပြည်နယ်ကော်မတီဝင် ဦးတင်ဦးက RFA ကို အခုလိုပြောပါတယ်။

“အများစုမြင်တာကတော့ ဗဟိုနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အာဏာခွဲဝေမှုပါတယ်၊ တပ်မတော်ပါဝင်မှု ၂၅ ရာခိုင်နှုန်းကိစ္စပါတယ်၊ သယံဇာတခွဲဝေမှုနဲ့ ပတ်သက်ပြီးတော့မှ ပြည်နယ်နဲ့တိုင်းဒေသကြီးများရဲ့ အကျိုးခံစားခွင့်ရရှိရေး ဒါတွေကို အဓိကထားပြီး ဆွေးနွေးသွားတာ တွေ့ရပါတယ်၊ အားလုံးက ပြင်ဆင်သင့်တဲ့အပိုင်းတွေကို ပြင်ဆင်ဖို့ဆွေးနွေးတာကို တွေ့ပါတယ်၊ ၁ဝဝ နီးပါး အသစ်ရေးဆွဲဖို့ကို ဆန္ဒမရှိဘူးလို့ သိရပါတယ်”

ဒီဆွေးနွေးပွဲကို  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကယားပြည်နယ် ၈၈ မျိုးဆက် လူမှုအကျိုးပြုကွန်ရက်၊ လူမျိုးစုဒီမိုကရေစီပါတီ (ကယားပြည်နယ်) လယ်သမားနဲ့အလုပ်သမားရေးရာ စတဲ့အဖွဲ့တွေက ကိုယ်စားလှယ်တွေ တက်ရောက်ပြီး ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။