လက်ပန်းတောင်းတောင် သပိတ်စခန်းဆက်လက်ဖွင့်ထားမည်

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းလုပ်ငန်းတွေ ရပ်တန့်ခြင်း မရှိဘဲ ဆက်လက် လုပ်ကိုင်နေတဲ့ အတွက် သပိတ်တိုက်ပွဲ ဆက်လက် ဆင်နွှဲသွားမယ်လို့ လက်ပန်းတောင်းတောင် ဒေသ ခံတွေ ဒီကနေ့ ညနေပိုင်းက ဆုံးဖြတ်လိုက်ပါတယ်။
2012-12-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း
Photo: RFA

ကြေးနီစီမံကိန်းဆောင်ရွက်နေတဲ့ တုံရွာအနီး ဒေသခံတွေဖွင့်ထားတဲ့ သပိတ်စခန်းကို ဆက်လက်ထား ရှိရေး နဲ့ပတ်သက်ပြီး ဒေသခံ ရွာ ၁၂ ရွာက ရွာသူရွာသား ၂၀၀ ကျော် ဒီကနေ့မိန်းလွဲပိုင်းက အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်ချက် ချလိုက်တာဖြစ်ပါတယ်။

သပိတ်တိုက်ပွဲပုံစံနဲ့ပတ်သက်ပြီး မိန့်ကြားရာမှာ ထိုင်သပိတ်ပုံစံဖြစ်ပြီး တောင်းဆိုချက်အနေနဲ့ ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး စုံစမ်းရေးကော်မရှင်က စုံစမ်းနေစဉ် စီမံကိန်းလုပ်ငန်းတွေ လုံးဝရပ်တန့်ထားရန်နဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က သပိတ်စခန်းကို အကြမ်းဘက်ဖြိုခွင်းခဲ့တာနဲ့ ပတ်သက်ပြီး အရေးယူသင့်သူများကို အရေးယူပေးရန်ဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လက်ပန်းတောင်းတောင် သပိတ်စခန်းက ဥူးဆန္ဒာ့သီရိကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
ကွန်မင့်များ (2)
Share

လင်းသူရိန်မြင့်

နေရပ်- ကလော

ပုံစံမကျတဲ့ဒီမိုကရေစီနဲ့ ဘယ်လိုလုပ်ဖြေရှင်းမလဲစောင့်ကြည့်။သေချာတယ်တစ်ဖြေးဖြေးအရောင်အဆင်းမဲ့စွာဘာသာနဲ့ လူမျိုး ရိုဟင်ဂျာတွေထက်ခိုကိုးရာမဲ့ရတော့မယ်ထင်တယ်

Dec 17, 2012 11:45 AM

မောင်ကျော်

နေရပ်- မကွေး

လုံးဝဖျက်သိမ်းေ၇းကို ကြိုးဆိုပါသည်။

Dec 16, 2012 11:34 PM

ဆိုက်တခုလုံးသို့