ကျောက်တော်စျေးဗုံးကြဲမှုသုံးသပ်ချက်နဲ့ အောက်တိုဘာ ၂ RFA အထူးအစီအစဥ်

RFA ရေဒီယိုနဲ့ရုပ်သံ အထူးအစီအစဉ် ၂ဝ၂၆ အောက်တိုဘာ ၂ ရက်၊ သောကြာနေ့

ရခိုင်ပြည်နယ်မှာ မြို့နယ်အများစုကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်လာအောင် ဖိအားပေးတဲ့ နည်းလမ်းတစ်ခုအဖြစ် AA ထိန်းချုပ်ဒေသက အရပ်သားတွေကို စစ်တပ်က ပိုပြီးတိုက်ခိုက်လာတယ်လို့ ရခိုင်နိုင်ငံရေးသမားတွေနဲ့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြတဲ့အကြောင်း သတင်းပေးပို့ချက်နဲ့ ထူးခြားတဲ့သတင်းတွေကို တင်ပြထားပါတယ်။

RFA ရေဒီယိုနဲ့ရုပ်သံ အထူး အစီအစဉ်ကို RFA Burmese YouTube နဲ့ Facebook စာမျက်နှာတွေက တဆင့် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မနက်ခင်းမှာ အသစ် လွှင့်တင်ထားမှာဖြစ်ပြီး ညစဥ် ညနေ ၇ နာရီကနေ ၇ နာရီ ၃၀ မိနစ်အထိ ရေဒီယို လှိုင်းတို မီတာ ၁၉၊ ကီလိုဟတ်စ် ၁၅၂၄၅ ကနေ ထုတ်လွှင့်နေပါတယ်။ ။