ကြေးနီတောင် သပိတ်စခန်းဖြိုခွဲမှု တာဝန်ရှိသူတွေကို အရေးယူပေး ဖို့ ဒေသခံတွေ ဆန္ဒပြ


2013-03-02
Share
lpt_305 လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး မီးထွန်းပွဲတရပ်ကို မတ်လ ၁ ရက်နေ့က ပြုလုပ်ခဲ့စဉ်
Photo: RFA

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး တောင်းဆိုခဲ့တဲ့ သပိတ်စခန်းဖြိုခွဲခံရမှုမှာပါဝင်တဲ့ အကြမ်းဖက်တဲ့သူတွေကို အခုချိန်အထိ  စစ်ဆေးအရေးယူတာတွေ မရှိတာကြောင့် ဒီကနေ့ မနက် ၃ နာရီမှာ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဆည်ထဲရွာမှာ အိမ်ခြေ ၁၅ဝ ကျော်က မကောင်းဆိုးဝါး နှင်ထုတ်ပွဲတစ်ရပ်ပြုလုပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

သပိတ်စခန်းဖြိုခွဲမှုမှာ အကြမ်းဖက်ခဲ့တဲ့သူတွေကို မကောင်းဆိုးဝါးအနေနဲ့ သတ်မှတ်ပြီး သံပုန်းတွေထုရိုက်ကာ မကောင်းဆိုးဝါးနှင်ထုတ်ပွဲ ပြုလုပ်တာဖြစ်တယ်လို့ ဒီအရေးမှာ ပါဝင်လှုပ်ရှားနေတဲ့ မြန်မာနိုင်ငံ ဝိဇ္ဇာ-သိပ္ပံ တက္ကသိုလ်ကျောင်းသားများကွန်ရက် တာဝန်ခံ ကိုသောင်းထိုက်က RFA ကို ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂကို တင်ပြတိုင်ကြားဖို့အတွက် ဒေသခံတွေရဲ့ လက်မှတ်ကောက်ခံတာ ဒီကနေ့မှာ ဆန္ဒမဲလက်မှတ် ၅ ထောင်ကျော်ရရှိနေပြီး တခြားမြို့တွေကိုလည်း ဆန္ဒမဲလက်မှတ်တွေ ဖြန့်ဝေထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့