မလေးရှားမှာ မြန်မာ ၅ဝ ကျော် ဖမ်းဆီးခံရ


2013-08-31
Share

မလေးရှားနိုင်ငံအတွင်း တရားမဝင်နေထိုင်သူတွေကို စီမံချက်နဲ့ဖမ်းဆီးတဲ့ အစီအစဉ်သစ်ကို မနက်ဖြန်မှာ စတင်မယ်လို့ ကြေညာထားပေမယ့် ဒီကနေ့မွန်းလွဲပိုင်းက ပီနန်းမြို့မှာ ဖမ်ဆီးခဲ့ရာမှာ မြန်မာနိုင်ငံသား ၅ဝ ကျော် အဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။

မနက်ဖြန်စတင်မယ့် အော်ပရာစီလို့ လူသိများတဲ့ အဲဒစီမံချက်မှာ တရားဝင်စာရွက်စာတန်းမရှိသူတွေ ပြေးစရာမြေမရှိ လို့ ကြေညာထားပြီး၊ ရဲ၊ လူဝင်မူကြီးကြပ်ရေး၊ ပြည်သူ့စစ်စတဲ့ ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးစစ်ဆေးမူတွေ ပြုလုပ်သွား မှာဖြစ်ပါတယ်။

ဒီကနေ့ ပီနန်းမြို့မှာ လူစည်ကားတဲ့ဈေးအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ပီနန်းမြို့က ကိုဘိုမြက ခုလိုပြောပါတယ်။

အခုပီနန်းမှာ လူစည်ကားတဲ့နေရာ ဘူကစ်မာတာဂျန်မှာ တော်တော်ဆွဲသွားတယ်၊ လူကခန့်မှန်း လော်လီ နှစ်စီးဆို ၈ဝ လောက်ပါသွားတယ်၊ ခန့်မှန်း ဗမာက ၅ဝ လောက်ပါမယ်ထင်တယ်၊ ဗမာက အများစုဖြစ်နေတယ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘင်္ဂလားပါမယ်၊ တရားမဝင်နေတဲ့သူအများစုက ဗမာနဲ့ အင်ဒိုနီးရှားကပိုများတယ်”

အဖမ်းခံရသူ မြန်မာတွေထဲမှာ အများစုဟာ တရားဝင်စာရွက်စာတန်းမရှိသူတွေဖြစ်ပြီး ၁ဝ ဦးလောက်ကတော့ အထောက်အထား စာရွက်စာတမ်းရှိပေမယ့်၊ ပါမလာသူတွေဖြစ်တယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံမှာ စီမံချက်နဲ့ ဖမ်းဆီးမှုတွေမှာ တရားမဝင်နေထိုင်သူတွေများတဲ့ နေအိမ်၊ ရပ်ကွက်တွေကို အဓိကထားပြီး ညပိုင်းတွေမှာ ဝင်ရောက်ဖမ်းဆီးလေ့ရှိပေမယ့် ခုလိုဈေးအတွင်း ဝင်ရောက်ဖမ်းဆီးတာမျိုးတော့ သိပ်မတွေ့ရဘူးလို့ ပီနန်းမှာနေထိုင်တဲ့ မြန်မာတွေက ပြောပါတယ်။ အလားတူဖမ်းဆီးမှုတွေကို ကွာလာလမ်ပူမြို့ မြန်မာစားသောက်ဆိုင်တစ်ိုက်မှာ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက စတင်ခဲ့တာလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့