မြန်မာနိုင်ငံဆိုင်ရာ မူဝါဒညှိနှိုင်းရေး အထူး ကိုယ်စားလှယ်ကို Mitch McConnell ကြိုဆို

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာ နိုင်ငံဆိုင်ရာ မူဝါဒ ညှိနှိုင်းဆောင်ရွက် ရေး အထူးကိုယ်စားလှယ် အဖြစ် Derek Mitchell ကို သမ္မတအိုဘားမား က အဆိုပြုခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာပြည်ဆိုင်ရာ ဆောင်ရွက်မှုတွေအတွက် ထင်ရှားကျော်ကြားသူ အထက် လွှတ်တော်အမတ် Mitch McConnell က သတင်းကောင်းတခုအဖြစ် ကြိုဆိုလိုက်ပါတယ်။

2011-04-16
Share
mcconnell_phone_assk_305_z.jpg အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလီကန် အမတ်များ၏ ခေါင်းဆောင် မစ်ချ် မက်ကောနယ်လ် ဖေဖော်ဝါရီ ၁၅ ရက်နေ့က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တယ်လီဖုန်း ဆက်ကာ စကားပြောဆိုနေပုံ ဖြစ်ပါသည်။ (Photo: Courtesy of Sen. Mitch McConnell's Office)
Photo: Courtesy of Sen. Mitch McConnell's Office

ဧပြီလ ၁၅ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ Kentucky ပြည်နယ် အထက်လွှတ်တော်အမတ် Mitch McConnell ရဲ့ ပြောဆိုချက်မှာ- “အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ညှိနှိုင်းဆောင်ရွက်ရေး အထူး ကိုယ်စားလှယ်အဖြစ် တာဝန် ပေးအပ်နိုင်ရေးအတွက် အခု နောက်ဆုံးမှာတော့ အမေရိကန် အစိုးရက ပုဂ္ဂိုလ်တယောက်ကို အဆိုပြုနိုင်ခဲ့ပါပြီ၊ မြန်မာနဲ့ အမေရိကန် ဆက်ဆံရေးကို စိုးရိမ်ပူပန်တဲ့ မိမိတို့ အတွက်တော့ ဒါဟာ မင်္ဂလာသတင်းပါပဲ” လို့ အစချီထားပြီး “မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်ရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းမယ့် ပုဂ္ဂိုလ်ဟာ အင်မတန် အရည်အချင်း ပြည့်ဝသူတဦး ဖြစ်ဖို့လိုပါတယ်၊ အခု အဆိုပြုလိုက်တဲ့ Mr. Mitchell ကို အထက်လွှတ်တော်က အကြံဉာဏ်နဲ့ တာဝန်တွေ ပေးအပ်တာနဲ့ အညီ မိမိ အနေနဲ့လည်း သူ့ရဲ့ အရင်က စွမ်းဆောင် အောင်မြင်ခဲ့မှုတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒ အပေါ် ရှုမြင် သုံးသပ်ချက်တွေကို ကြားသိရဖို့ မျှော်လင့်ပါတယ်” လို့ ဖော်ပြ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့