MDCF က ကိုထင်ကျော် ဖမ်းဆီးခံရ
2016.10.26

ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများအဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်ကို ရန်ကုန်တိုင်း မြောက်ဥက္ကလာပ မြို့နယ် ရဲစခန်းက ပုဒ်မ ၅၀၅(က) အကြည်ညိုပျက်အောင် လုပ်ဆောင်မှုနဲ့ ဒီကနေ့ ညနေမှာ ဖမ်းဆီးလိုက်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က မြောက်ဥက္ကလာပတရားရုံးရှေ့မှာ ပြောခဲ့တဲ့ စကားကြောင့် ဖမ်းဆီးခံရ တာဖြစ်တယ်လို့ ကိုထင်ကျော် က ပြောပါတယ်။
"ကျနော်အခု ရဲစခန်းရောက်နေတယ်၊ ကိစ္စကတော့ အောက်တိုဘာ ၂၁ ရက်နေ့ ရုံးထုတ်မှာ ပြည်သူ ကို ပြောလိုက်တဲ့စကားကြောင့်လို့ ကျနော်ထင်တယ်၊ ကျနော်ပြောတာကတော့ ထွေထွေထူးထူး မဟုတ်ပါဘူး၊ ခွေးမသား စစ်ဗိုလ်ချုပ်ကို ဘယ်သူမှ အရေးယူမယ့်လူမရှိဘူး၊ အဲ့ကိစ္စပါပဲ"
လွန်ခဲ့တဲ့၂၀၁၃ ခုနှစ်က နန်းထိုက်တော်ဝင် စားသောက်ဆိုင်ပိုင်ရှင် ဦးအိုက်လင်းကို ကိုထင်ကျော်က တရားစွဲ ဆိုထားအမှုကို မြောက်ဥက္ကလာပမြို့နယ် တရားရုံးက အမှုပိတ်သိမ်းခိုင်းတဲ့အတွက် ကိုထင်ကျော်က တရားရုံးရှေ့ မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ကိုထင်ကျော်ကို တရားစွဲဆိုသူဟာ စစ်ဦးစီးချုပ်ရုံးက ဒုတိယဗိုလ်မှူးကြီးတယောက်ဖြစ်ပြီး မနက်ဖြန် ၂၇ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးမှာဖြစ်ပါတယ်။