၈၈ ငြိမ်းပွင့်က မမီးမီး ကွယ်လွန်
2018.08.13

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီး ဟာ ကျောင်းကုန်းမြို့နယ်မှာ ယာဉ်မတော်တဆမှုနဲ့ ကွယ်လွန်သွားပါတယ်။
ကားမှောက်တဲ့အခြေအနေကို ဦးဂျင်မီ က အခုလို ပြောပါတယ်။
"၅ နာရီ ၂၀ မှာ ဆုံးသွားပြီတဲ့၊ အဓိကကတော့ သူက ကားမှောက်တဲ့အခါကျတော့ ကားလဲတဲ့ ဘက်ခြမ်းကို သူကရောက်သွားတယ်။ သူကအပြင်ကိုထွက်သွားပြီး ကားကသူ့ကို ပိသွားတယ်။ သူ့ကိုပြန်ပြီး ဆွဲထုတ်ရတဲ့ အခြေအနေဖြစ်သွားတယ်"
အဲဒီယာဉ်ပေါ်မှာ ဦးဂျင်မီ၊ မနီလာသိန်း၊ ဦးဇော်ဝင်းမောင် နဲ့ မခက် တို့လည်း လိုက်ပါခဲ့တယ်လို့ သိရပါတယ်။
ပုသိမ်မြို့နယ်က ကဗျာဆရာ မောင်အောင်ပွင့် ဇနီးရဲ့ နာရေးက အပြန် ကျောင်းကုန်းမြို့နယ်မှာ ယာဉ်မတော်တဆမှု ဖြစ်ခဲ့တာပါ။ မမီးမီး ရုပ်အလောင်းကို ရန်ကုန်ကို ပြန်သယ်လာဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။