အပစ်ရပ်ကာလ ငါးလတိုးမြှင့်ကြောင်း စစ်ကောင်စီကြေညာ

2021.09.27
အပစ်ရပ်ကာလ ငါးလတိုးမြှင့်ကြောင်း စစ်ကောင်စီကြေညာ မြစ်ကြီးနားမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၂၀၂၁ ဖေဖော်ဝါရီ ၁၈ ရက်နေ့က တွေ့ရစဉ်
Photo: RFA

နိုင်ငံတစ်ဝန်းမှာ လာမယ့် အောက်တိုဘာလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ အချိန်ငါးလကြာ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို ဆက်လက်ရပ်စဲသွားမယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၂၇ ရက် မနေ့က ကြေညာပါတယ်။

တစ်နိုင်ငံလုံးမှာ ကာကွယ်ရေးနဲ့ အုပ်ချုပ်မှုဆိုင်ရာ ယန္တရားတွေကို နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားမယ်လို့ ကြေညာချက်မှာပါရှိပါတယ်။

စစ်ကောင်စီအနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ ထုတ်ပြန်ချက် တွေကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ဒီနေ့အထိ အကြိမ် ၂၀ ထုတ်ပြန်ပြီး အပစ်ရပ်ထား တယ်လို့ဆိုပေမယ့် ဒီနေ့အချိန်အထိ တိုင်းရင်းသားဒေသတွေ အပါအဝင် တစ်နိုင်ငံလုံးမှာ ပစ်ခတ်သတ် ဖြတ်မှုတွေက နေ့စဉ်နီးပါး ရှိနေခဲ့ပါတယ်။

စစ်ကောင်စီကတော့ အစကတည်းက အပစ်ရပ်ထားပြီးဖြစ်ကြောင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAOs) တွေရှိတဲ့ ဒေသကပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေအပြင် ရခိုင်ပြည်နယ်က မွတ်စလင်တွေကို ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံတာတွေ လုပ်ဆောင်နေချိန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေ အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက ဗုံးခွဲတိုက်ခိုက်တာ ပစ်ခတ်တာတွေ လုပ်နေတယ်လို့ စွပ်စွဲထား ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုကော်မတီဝင်တစ်ဦးကတော့ မတရားအာဏာသိမ်းပြီး ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်မှုတွေကို အာဏာသိမ်းစစ်တပ်က လုပ်ဆောင်နေတာလို့ RFA ကို ပြောဆိုထားပါတယ်။

RFA က သီးခြားပြုစုထားတဲ့စာရင်းအရ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၈ ရက်နေ့ကနေ စက်တင်ဘာလ ၂၄ ရက်နေ့အထိ စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ ၁၀၈၀ ဦး သေဆုံးခဲ့ပြီးဖြစ်သလို ဧပြီလ ၁၀ ရက်နေ့ကနေ စက်တင်ဘာလ ၂၃ ရက်နေ့အထိ တစ်နိုင်ငံလုံးမှာ မီးလောင် ကျွမ်းမှုနဲ့ ပေါက်ကွဲမှု အကြိမ်ရေပေါင်း ၇၃၂ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-09-28 03:33

Hmm.... So they want to stop fighting EAO's and instead they want to spend all their attention and resources to the nearest enemies, i.e. the PDF's in the cities?