UWSA ထိန်းချုပ်နယ်မြေ မက်မန်းဆိုင်သတ္တုတွင်း ပေါက်ကွဲမှု သေဆုံးထိခိုက်မှု များပြား

2022.05.06

UWSA ‘ဝ’ တပ်ဖွဲ့ ထိန်းချုပ်ရာဒေသ ဝိန်းကောင်ခရိုင် မက်မန်းဆိုင်သတ္တုတွင်းမှာ မေလ ၄ ရက်နေ့က ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာပြင်း ထန်သူ ၂၀ ထက်မနည်းရှိနေတယ်လို့ သတင်းရင်းမြစ်တွေက RFA ကို ပြောပါတယ်။

ပေါက်ကွဲမှုဟာ ပြင်းထန်တာကြောင့် သတ္တုတွင်းလုပ်သားတွေနဲ့ အနီးအနားမှာရှိတဲ့ သူတွေပါ သေဆုံးဒဏ်ရာရခဲ့ကြတာဖြစ်ပြီး ဒီနေ့အထိ မြေကော်စက်တွေနဲ့ ရှာဖွေနေ ရဆဲဖြစ်သလို ဒဏ်ရာပြင်းထန်သူတွေကို ဆေးဝန်ထမ်းတွေက အခင်းဖြစ်နေရာမှာပဲ ကုသပေးနေတယ်လို့ ပြောပါတယ်။

လားရှိုး ‘ဝ’ ဆက်ဆံရေးရုံးတာဝန်ရှိသူ ဦးညီရမ်းကတော့ ပေါက်ကွဲမှုဖြစ်စဉ်ကို အတည် ပြုပေမယ့် အသေးစိတ်မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။

“ပေါက်ကွဲမှုဖြစ်တာတော့ မှန်ပါတယ်။ ထိခိုက်ဒဏ်ရာရတာလည်း ရှိတာပေါ့နော်။ မက်မန်းဆိုင် သတ္တုတွင်းမှာ ဖြစ်တာပေါ့နော်။ သတ္တုတွင်းမှာသုံးနေတဲ့ ခဲယမ်းတွေ ပေါက်ကွဲတယ်လို့တော့ သိရပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး”

ဒီပေါက်ကွဲမှုကြောင့် သေဆုံးသူ၊ ထိခိုက်သူ စာရင်းကို အတိအကျမသိရသေးသလို အခြေ အနေ အသေးစိတ်ကို ထုတ်ပြန်ပေးမယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ မတ်လအတွင်းကလဲ UWSA ‘ဝ’ တပ်ဖွဲ့ ထိန်းချုပ်ရာ မိုင်းမောမြို့မှာ လုပ် ငန်းသုံး ဂက်စ်အိုးတွေ သိုလှောင်ထားတဲ့နေရာမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် လူ ၁၆ ဦး သေဆုံးခဲ့ပြီး ၄၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။