ကင်တားနားရဲ့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ မှန်ကန်မှုမရှိကြောင်း အစိုးရ တုံ့ပြန်

2013-03-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ လုပ်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ပုံ
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ လုပ်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ပုံ
photo: RFA/ Nay Thwae

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး မတ်လ ၆ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားရဲ့ အစီရင်ခံစာဟာ မှန်ကန်မှုမရှိကြောင်း မြန်မာအစိုးရက တုံ့ပြန်ခဲ့ပါတယ်။

လူ့အခွင့်အရေးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံက ယုံကြည်ချက်ကြောင့် အဖမ်းခံရသူများကိစ္စ၊ ကချင်နဲ့ ရခိုင်ပြည်နယ်ဘက်က အခြေအနေများ လက်ပန်းတောင်းတောင် ဖြစ်စဉ်များအပြင် အကျဉ်းထောင်နဲ့ ရဲစခန်းတွေအတွင်းက လူ့အခွင့်အရေးချိုး ဖေါက်မူတွေကို ဖေါ်ပြထားပါတယ်။

မြန်မာအစိုးရဘက်က ရှင်းလင်းရာမှာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်မှာ အဖမ်းခံရတဲ့ ဒေါက်တာထွန်းအောင်အမူကို ဥပမာပေးရှင်းလင်းတယ်လို့ အာရှလူ့အခွင့်အရေးအဖွဲ့က ဦးမင်းလွင်ဦးကပြောပါတယ်။

တဆက်တည်း မစ္စတာကင်တားနားက   အရင်အစိုးရလက်ထက်က ကျူးလွန်ထားတဲ့ ပြစ်မှုတွေအပေါ်မှာ လက်ရှိအစိုးရ၊ အတိုက်အခံများနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေက ဖေါ်ထုတ်အရေးအယူဖို့ အစီအစဉ်မရှိတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲရေးကို ထိခိုက်နိုင်သလို ဆယ်စုနှစ်နဲ့ချီပြီး ရရှိထားတဲ့ ဒဏ်ရာတွေပျောက်ကင်းဖို့ ကြာရှည်လိမ့်မယ်လို့ သုံးသပ်ပါတယ်။

အစီရင်ခံစာနဲ့ပတ်သက်ပြီး မြန်မာအစိုးရဘက်က မဟုတ်မမှန်ကြောင်း ရှင်းလင်းရာမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေ၊ အကျဉ်းထောင်တွေအတွင်းက အခြေအနေ၊ တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားတဲ့စစ်ပွဲတွေ၊ ရခိုင်ပြည်နယ်အတွင်းက အခြေအနေများစသဖြင့် ခေါင်းစဉ်လေးခုခွဲပြီး ပြန်လည်ရှင်းလင်းသွားတာဖြစ်ပါတယ်။

ကွန်မင့်များ (4)
Share

U S M

နေရပ်- Myanmar

သှုလိုရာဆွဲပြောသွားတာပါ်၊မြန်မာပြည်ကိုအကောင်းမြင်တဲ့သှုမပာုတ်ဘှုး။မှုလပကတိအခြေအနေကိုဘာမှမသိပဲ၊
ကြက်တှုရွေးစာအံသလိုလှု့အခွင့်အရေး
ဆိုတာကိုနုတ်တိုက်ရွတ်ပြနေတာပါ်၊
ဒီလှုကိုဘာမှအထင်ကြီးစရာမရှိဘှုး။

Apr 24, 2013 01:24 AM

အမည်မဖော်လိုသူ

People like Thomas Ojea Quintana are neutral people of international bodies. They do not discriminate base on race, religion, gender etc. The people who find faults on such people are not neutral. They can be called racist.

Mar 12, 2013 02:11 AM

U Thant Zin

နေရပ်- Yangon

Tomas Ojea Quintana's report is not just and fair. Is there human right in Islamic Countries? He always find faults of Myanmar as he like. No need Tomas Ojea Quintana for Myanmar.

[ဤမှတ်ချက်အား လွတ်လပ်တဲ့အာရှအသံ၏ အသုံးပြုခွင့် စည်းမျဉ်းစည်းကမ်းများအရ အယ်ဒီတာက တည်းဖြတ်ထားပါသည်။]

Mar 11, 2013 04:01 AM

အမည်မဖော်လိုသူ

Before telling other as unjust, people must do justice themselves. If you do not want Quintana,no problem. 100 more other Quintana will come to you to tell the truth. They are without self interest.If you want to live in the world, you must follow the world regulation.

Mar 12, 2013 02:24 AM

MN

His report is 100% accurate. Burmese govt have to abandon the military way of thinking.

Mar 09, 2013 10:40 PM

ဆိုက်တခုလုံးသို့