0:00 / 0:00
Eleven Media Group ရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင် စီးလာတဲ့ကားကို အမည်မသိ လူရမ်းကားအုပ်စုတစ်စုက ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်းနဲ့ မင်းလမ်းထောင့်မှာ မနေ့ညနေ ၆ နာရီလောက်က သံမူလီတွေနဲ့ ချောင်းမြောင်းပစ်ခတ်ခဲ့တဲ့အတွက် ကားမှန်နဲ့ ကိုယ်ထည်တွေထိခိုက်သွားပါတယ်။
ဒေါက်တာသန်းထွဋ်အောင်တော့ တစုံတရာ ဒဏ်ရာရတာမရှိဘူးလို့ Eleven Media အယ်ဒီတာချုပ် ဦးဝေဖြိုးက RFA ကိုပြောပါတယ်။ ဒါ့အပြင် တိုက်ခိုက်သူတွေ စီးပြီးထွက်ပြေးသွားတဲ့ ကားနံပါတ်ကို ပတ်ဝန်းကျင် ပြည်သူတွေက မှတ်မိလိုက်တဲ့အတွက် သက်ဆိုင်ရာက အဲဒီကားနဲ့ယဉ်မောင်းသူကိုဖမ်းမိထားပြီး ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။
Eleven Media အယ်ဒီတာချုပ် ဦးဝေဖြိုးကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင် ပါတယ်။