ပါတီကူးပြောင်းသူ မိုးမောက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တိုင်ကြားခံရ

2015-04-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမြမောင်ဟာ ကျားခေါင်း ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကို ကူးပြောင်းလိုက်တာကြောင့် သူ့ရဲ့ မဲဆန္ဒနယ် မိုးမောက်မြို့နယ်က ဒေသခံ ၉ဝဝ လောက်က စုပေါင်းလက်မှတ်ရေးထိုးပြီး အမတ်အဖြစ်ကနေ ရုပ်သိမ်းပေး ဖို့   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားထားပါတယ်။

ကျားဖြူပါတီခေါင်းဆောင်တွေထံ အကြောင်းကြားမှုမရှိဘဲ ပါတီကူးပြောင်းသွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင်တန်းထားတယ်လို့ သိရကြောင်း အဲ့ဒီလိုအချက်နဲ့ တိုင်တန်းထားတာဆိုရင် မဟုတ်မှန်ကြောင်း တိုင်တန်းခံရသူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမြမောင်က ပြောပါတယ်။

"ဘာလို့လည်းဆိုတော့ ကျနော်ထွက်တာကြာပြီလေ၊ အမှန်တကယ်ပြောရမယ်ဆိုရင်တော့ ထွက်တာနှစ်စကတည်းက ကြာပါပြီ၊ အခုမှပဲ တရားဝင်ထွက်တာပါ၊ ထွက်တာက နိုဝင်ဘာလ ၂ဝ ရက်တစ်ကြိမ် ၃ဝ ရက် တစ်ကြိမ်ပေါ့လေ၊ ရွေးကောက်ပွဲကော်မရှင်ကို၊ ပါတီဌာနချုပ်ကို တစ်ခါ၊ ခွဲပြီးတော့မှတစ်ခါ တစ်လအတွင်းထဲမှာပေါ့နော် တရားဝင်တင်တယ်၊ ကျနော်ထွက်ပြီးတော့ ၃ လကြာပြီးတော့တဲ့အခါကျမှ သူတို့ကပြန်ပြီင်္းတော့ သူတို့ကိုမပြောဘဲနဲ့ ပါတီကူးသွားတယ်ဆိုတဲ့ စကားတော့ဒါဟာ အင်မတန်မှ ဟိုဟာဖြစ်တဲ့စကားပါ၊ ကျနော် ထွက်တာ ၃ လကြာမှ ကျနော်ကူးသွားတာလေ၊ အဲ့ဒါပြောစရာအကြောင်းလည်း ဘာမှမရှိဘူးလို့ ကျနော်ထင်တယ်"

ဦးစိုင်းမြမောင်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်မှာ ရွေးကောက်ပွဲကော်မရှင်နဲ့ ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီထံ ပါတီကနေ နှုတ်ထွက်ကြောင်း တရားဝင်အကြောင်းကြားစာ ပေးပို့ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ကျားဖြူပါတီကနေ နှုတ်ထွက်ပြီး ၃ လအကြာ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကျားခေါင်းပါတီထံ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဦးစိုင်းမြမောင်ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ပြန်ရုပ်သိမ်းဖို့တောင်းဆိုထားတဲ့ မိုးမောက်မဲဆန္ဒနယ် က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၉ ရွေးကောက်တင်မြှောက်ခြင်း အပိုဒ်ခွဲအရ ဆိုရင်လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ပါတီပြောင်းတဲ့အတွက် မဲဆန္ဒနယ်ကတိုင်တန်းပြီး အမတ်အဖြစ်ကနေ ရုပ်သိမ်းပိုင်ခွင့်မရှိဘူးလို့ သိရပါတယ်။

တိုင်တန်းခံရသူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမြမောင်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (5)
Share

မင်းမေလင်မပိတ်သေးပါလား

ဆက်သွယ်ရေး လိုင်းမျကာင်းလျင် ငါသိ၏ တမင်ဖြတ်ပြစ်လျင် ရှင်းနေအောင်မြင်၏ အစိုးရအဖွဲ့အစည်းမှန်သမျ ထိပ်သီးမကလို့ xxxဘဲ / မင်းတို့လိုင်းကရေးမရလည်း စကြ်ာဝဠာလူက တိုက်နေမှာဘဲ ငါရဲ့ထာဝရအသက်ကိုရှင်ရဲလျင်ရှင် ရောမကိုတော်လှန်သူ စပါတာကတ်ကစ၍ ဒီနေ့အထိ လူဖြစ်နေတာ ထာဝရအသက်ရှိလို့ဘဲမင်းတို့ဘုရားတွေ

Sep 11, 2015 02:16 PM

TinZawHtoo

နေရပ်- မြေ

ပါတီကူးပြောင်းသည်က အဓိကမဟုတ် လူ၏စိတ်နေသဘောထားမှန်လျင် နေချင်တဲ့နေရာနေ ကိုယ့်သဘော တိုင်းပြည်အတွက်ဆိုလျင် အများအတွက် အများအတွက်ဆိုလျင် ရေရှည်ကို မြင်တတ်ရမည် လတ်တလောအစဉ်ပြေရင်ပြီးရော မလုပ်ရ ကမ္ဘာသည် ရာစုနှစ်တွေဖြတ်သန်း၍ ခရီးသွားနေ၏ လိုက်ပါစီးနင်းသောလူတို့သည် ကမ္ဘာ၏ ကောင်းကြိုး ဆိုးကြိုး ထိုလူတို့မှနားမလယ်လျင် အဘယ်ကောင်းကြိုးမည် မည်လော

Aug 06, 2015 03:28 AM

Tinzawhtoo

နေရပ်- မြေ

နိုင်ငံရေး နိုင်ငံရေး နိုင်ငံကို အုပ်ချုပ်သူမှအစ ကမ္ဘာကို အဖွဲ့ဖြင့် ပါဝင်သူတွေ ဘာကောင်းသလဲပြပါဆိုလျင် သတင်းတွေကသက်သေဘဲ အုပ်ချုပ်မှု့ နှင့် စီးပွားစနစ် အသစ်ထုတ်ရန် အချိန်တန်နေပြီ ဒါကိုခေါင်းမာနေရင် ဝင်လာမဆဲ တသဲသဲက ကတ်ဘေးဘဲ

Aug 06, 2015 02:41 AM

အမည်မဖော်လိုသူ

ဒီမိုကရေစီရဲ့ အရှုက်တော်ပုံဘဲ ညာဏ်မျက်စိအလင်းကွယ်သူအများစုက ပါရမီမြင့်သူ တစ်ယောက်ထဲကို တိုက်ခိုက်တဲ့ တိုက်ကွက်ဟာ ဒီမိုကရေစီဘဲ ဒါကြောင် ကမ္ဘာပျက်သည်အထိအရေးယူနိုင်တယ်ဆိုတာ ဘယ်ကောင်ငြင်းချင်သလဲ ခမည်းတော်ဘုရားသက်သေထား၍ ငါပြော၏

Jun 02, 2015 10:48 AM

စိုင်းဥက္ကာ

နေရပ်- ကျောက်မဲ

ပါတီကူးပြောင်းနေမယ့်အစား ပါတီနှစ်ခု ပူးပေါင်ူပြီး ပြည်သူ့ဆန္ဒနဲ့အညီ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ ဆောင်ရွက်ပေးဖို့ ဆုံးဖြတ်ကြစေချင်တယ်

Apr 18, 2015 11:59 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့