ပြည်တွင်းက အဖြစ်အပျက်မှန်တွေကို သိရှိနိုင်ဖို့အတွက် ကျေးလက် ပြည်သူလူထုကို အဓိကထားပြီး ရေဒီယိုတွေ ဝေငှတာလို့ သံဃာ့တပ်ပေါင်းစု ပြည်ပတာဝန်ခံ ဦးပညာဇောတက မိန့်တော်မူပါတယ်။
မနှစ်ကလည်း ဒီလိုပဲ ရေဒီယို အလုံး ၃ ရာလောက် ဝေနိုင်ခဲ့ပြီး ဒီနှစ်မှာ ပိုမို ဝေငှနိုင်တယ်လို့လည်း မိန့်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအရ မကြာခင် ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး အတွက်ပဲ ဖြစ်ပြီး ဒီမိုကရေစီ စနစ်၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ဖော်ဆောင်မယ့် ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ရွှေဝါရောင် တော်လှန်ရေး အထိမ်းအမှတ်အဖြစ် ထုတ်ပြန်တဲ့ သံဃာ့တပ်ပေါင်းစု ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် အထူးသဖြင့် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းတွေ အချက်အလက်မှန် တွေကို လူထု သိရှိစေဖို့ ရေဒီယိုဝေတဲ့ လှုပ်ရှားမှု လုပ်ရတာလို့ ဆရာတော် ဦးပညာဇောတက မိန့်ပါတယ်။
ဒီအကြောင်း သံဃာ့တပ်ပေါင်းစု ပြည်ပတာဝန်ခံ ဦးပညာဇောတကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ် မေးမြန်းထားပါတယ်။
0:00 / 0:00